လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ချ မှတ်ခံရသော မြန်မာလုပ်သားနှစ်ဦး၏ နောက်ဆုံးအယူခံကို ယနေ့ (သြဂုတ် ၂၉ ရက်) တွင် အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။
လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်၍ သေဒဏ်ချမှတ်ထားရသည့် မြန်မာနိုင်ငံသား နှစ်ဦးဖြစ်သော ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့၏ အယူခံကို သြဂုတ် ၂၉ ရက်နံနက်ပိုင်းတွင် ထိုင်းနိုင်ငံတရားလွှတ်တော်ချုပ်က အမိန့်ချမှတ်မည်ဖြစ်ကြောင်း မြန်မာသံရုံး အထူးအဖွဲ့မှ ဦးထူးချစ်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
“မနက်ဖြန် လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်ပြီး အယူခံဝင်ထားသည့် ကိစ္စဆုံးဖြတ်မည်။ ကျွန်တော် မနက်ဖြန် အရေးပေါ် ဘန်ကောက်ပြန်ပါမည်။ ကလေးများ ကံကောင်းပါစေ။ အစိုးရမင်းများ ကူညီပါ” ဟု ဦးထူးချစ်က သြဂုတ် ၂၈ ရက် ညပိုင်းတွင် ရေးသားထားသည်။
ထို့ပြင် လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်၍ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN)၏ လူမှုကွန်ရက်စာမျက်နှာတွင် “လိပ်ကျွန်းလူသတ်မှုဖြင့် ပြစ်ဒဏ်ကျခံနေရတဲ့ ဝင်းနဲ့ဇော်တို့ရဲ့ နောက်ဆုံးအယူခံကို ထိုင်းနိုင်ငံ တရားလွှတ်တော်ချုပ်က မနက်ဖြန် နံနက် ၁၀ နာရီမှာ အမိန့်ချမှတ်မှာ ဖြစ်ပါတယ်။ နွန်ထဘူရီခရိုင်တရား ရုံးက ဒီအမိန့်ကို ဖတ်ကြားပေးမှာဖြစ်သလို ဘာသာပြန်ဖြင့် ဝင်းနဲ့ဇော်က နားထောင်ရ မှာဖြစ်တယ်လို့ ဝင်းနဲ့ဇော်ရဲ့ ရှေ့နေဖြစ်တဲ့ ထိုင်းရှေ့နေများကောင်စီဝင် ရှေ့နေကြီးက ပြောပြလာပါတယ်။ ဒီအမိန့်ချမှတ်ခြင်းဟာ တရားစီရင်မှုမှာ နောက်ဆုံးအဆင့်ဖြစ်ပြီး ကွင်းလုံးကျွတ်လွှတ်ပေးမလား၊ မူလအတိုင်း သေဒဏ်ချမလား စောင့်ကြည့်ရပါမယ်” ဟု သြဂုတ် ၂၈ ရက် ညပိုင်းက ရေးသားထားသည်။
လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ သေဒဏ်ချမှတ်ခံထားရသည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့၏ နောက်ဆုံးအယူခံတင်ထားမှုအပေါ် ထိုင်းအဆင့်မြင့်တရားရုံး၌ တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီး အမိန့်ချမှတ် နိုင်ခြင်းမရှိခဲ့ဘဲ ယနေ့မှသာ အမိန့်ချမှတ်မည် ဖြစ်သည်။
ဗြိတိန်နိုင်ငံသားနှစ်ဦးဖြစ်သည့် ဒေးဗစ်မေလာနှင့် ဟန်နာဝစ်သာရစ်ဂျ်တို့နှစ်ဦး သတ်ဖြတ်ခံရသည့် လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ကို လူသတ်မှု၊ ပစ္စည်းလုယူမှု၊ အဓမ္မကျင့်မှု စသည့်အမှုခုနစ်မှုတို့ဖြင့် ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေတရားရုံးက ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
