ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲ၊ ဓာတ်မှန်၊ ခန္ဓာသန်စွမ်းမှုနှင့် ဆေးဝါးပညာရှင်များ ရာထူးအခွင့်အလမ်း တိုးမြှင့်ရရှိစေရေးအတွက် ဦးစီးအရာရှိနှင့် လက်ထောက်ညွှန်ကြားရေးမှူး ရာထူးနေရာများအတွက် ဖွဲ့စည်းပုံ တိုးချဲ့နိုင်ရန် တင်ပြထားကြောင်း မြန်မာဆေးဘက်ဆိုင်ရာ ဓာတ်ခွဲပညာရှင်အသင်း၏ ငါးကြိမ်မြောက် စဉ်ဆက်မပြတ် ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲနည်းပညာ စာတမ်းဖတ်ပွဲတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆိုသည်။
“ ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲပညာရပ်သည် ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့ နေရာမှာ အခြားဆေးပညာ ဘာသာရပ်တွေနဲ့တန်းတူ အရေးကြီးပါတယ်။ ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲပညာရှင်တွေရဲ့ တိကျမှန်ကန်တဲ့ ရောဂါစစ်ဆေးမှုတွေ အဖြေရှာမှုတွေမပါဘဲနဲ့ အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေ ဆောင်ရွက်လို့ မရပါဘူး။ ဝန်ကြီးဌာနအနေနဲ့ ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲ၊ ဓာတ်မှန်၊ ခန္ဓာသန်စွမ်းမှုနဲ့ ဆေးဝါးပညာရှင်တွေ ရာထူးအခွင့်အလမ်းတွေ တိုးမြှင့်ရရှိစေဖို့အတွက် ရည်ရွယ်ပြီး ဦးစီးအရာရှိနဲ့ လက်ထောက်ညွှန်ကြားရေးမှူး ရာထူးနေရာတွေအတွက် ဖွဲ့စည်းပုံ တိုးချဲ့နိုင်ဖို့ တင်ပြထားပြီးလည်း ဖြစ်ပါတယ်။ ဒါ့ပြင် ဓာတ်ခွဲကျွမ်းကျင်အဆင့် (၃) သင်တန်းတွေကိုလည်း ပိုမိုတိုးချဲ့ ဖွင့်လှစ်တာ ပေါင်းကူးသင်တန်းတွေ ဖွင့်လှစ်တာနဲ့ လုပ်သက်ရင့် ဝန်ထမ်းတွေကို ဌာနတွင်း အရည်အချင်း စစ်ဆေးခြင်းတွေပြုလုပ်ပြီး ရာထူးတိုးမြှင့်ပေးတာတွေလည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်း ဆရာဝန်များအတွက် လာမည့်၂၀၁၉- ၂၀၂၀ ပညာသင်နှစ်တွင် ဘွဲ့လွန် ဒီပလိုမာသင်တန်း ခုနစ်မျိုး၊ မဟာသိပ္ပံသင်တန်း ၃၀၊ ဆေးလက်တွေ့အခြေခံပါရဂူသင်တန်းခြောက် မျိုး၊ ဆေးလက်တွေ့ပါရဂူသင်တန်း ၄၁ မျိုး စုစု ပေါင်းအမျိုး ၈၀ ကျော်ကိုရွေးချယ်ခေါ်ယူ လေ့ ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင် အရာထမ်း ဝန်ထမ်း ၁၆၀၀၀ ကျော်နှင့် အမှုထမ်း ၉၅၀၀၀ ကျော် တာဝန်ထမ်းဆောင်လျက်ရှိပြီး လက်ရှိခန့်ထားသော ဝန်ထမ်းအရေအတွက်မှာ ခွင့်ပြုအင်အား၏ ၅၅ ရာခိုင် နှုန်းသာရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
“ ဝန်ကြီးဌာနမှာ အရာထမ်းဝန်ထမ်း ၁၆၉၁၃ဦးနဲ့အမှုထမ်း၉၅၄၈၆ဦး လက်ရှိ တာ ဝန်ထမ်းဆောင်နေပါတယ်။ လက်ရှိခန့်ထားတဲ့ ဝန်ထမ်းအရေအတွက်ဟာ စုစုပေါင်း ခွင့်ပြုအင်အားရဲ့ ၅၅ ရာခိုင်နှုန်းပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ အစိုးရလက်ထက်မှာ ဆရာဝန်သစ်လွင် ၃၉၈၈ ဦး၊ သွားဆရာဝန် ၅၁၆ ဦး၊ လက်ထောက်ကျန်းမာရေးမှူး ၃၈၁ ဦး၊လက်ထောက်တိုင်းရင်းဆေးမှူး၁၉၁ ဦး၊ ဆေးဘက်ကျွမ်းကျင်၂၄၀၈ ဦး၊သူနာပြု ၅၆၈၁ ဦး၊ သားဖွား ၃၀၀၅ ဦး၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) ၃၀၀၀၊ အငယ်တန်းအင်ဂျင်နီယာ ၁၃၀ နဲ့ အကူသူနာပြု ၉၃ဝကို ထပ်တိုးပြီး အသစ်ခန့်ထားခဲ့ပါတယ်” ဟု ပြည်ထောင် စုဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောကြား သည်။
တစ်နိုင်ငံလုံး၌ တိုက်နယ်ဆေး ရုံပေါင်း ၇၄၅ ရုံရှိပြီး ၎င်းတို့အနက် ၂၅၀ နီးပါးတွင် ဆရာဝန် မရှိခြင်းကြောင့် လုပ်ငန်းအတွေ့အကြုံရှိသော ဆရာဝန်များကို စေလွှတ်တာဝန်ပေးလျက်ရှိပြီး သစ်လွင်ဆရာဝန်များကို ဆေးလက်တွေ့ အတွေ့အကြုံများရရှိရန် ခုတင် ၁၀၀ နှင့်အထက် ဆေးရုံကြီးများတွင် တာဝန်ချထားလျက်ရှိ ကြောင်းနှင့် သွားဘက်ဆိုင်ရာ ဆရာဝန်များကိုလည်း လုပ်ငန်းလိုအပ်ချက် ရှိနေသည့် မြို့နယ်ဆေးရုံများ ဦးစားပေး တာဝန်ချထားပေးလျက်ရှိကြောင်း သိရသည်။
၂၀၁၈ခုနှစ် စက်တင်ဘာလအတွင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနတွင် လစ်လပ်နေသော နေရာများအတွက် သစ်လွင် လက်ထောက် ဆရာဝန် ၂၀၀၀ ဦး ခန့်အပ်မည်ဖြစ်ကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အတွင်း လူဦးရေနှင့်အညီ သင့်လျော်သော ကျန်းမာရေးဝန်ထမ်း ရှိစေရန် အထူးကုဆရာဝန် ၂၁ ဦး အပါအဝင် ဝန်ထမ်းပေါင်း ၄၀၀ ကျော်ကို တိုးမြှင့်ခန့်ထားပြီး ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
