စက်တင်ဘာလတွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း သုံးကြိမ်ဖြစ်ပေါ်နိုင်ပြီး နှစ်ကြိမ်သည် မုန်တိုင်းငယ်အဖြစ် ပြောင်းလဲနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ စက်တင်ဘာ လမိုးလေဝသခန့်မှန်းချက်အရ သိရသည်။
ခန့်မှန်းချက်တွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း သုံးကြိမ်ဖြစ်ပေါ်နိုင်ပြီး နှစ်ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊ အနောက်တောင်မုတ်သုံလေသည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်မှ ၁၈ရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ လည်းကောင်း၊ စက်တင်ဘာလ ၁၉ရက်မှ ၂၄ ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှလည်းကောင်း၊ စက်တင်ဘာလ၂၅ ရက် မှ ၃၀ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများမှ ဆုတ်ခွာသွားဖွယ်ရှိကြောင်း ဖော်ပြထားသည်။
“မုတ်သုံလေ မြန်မာနိုင်ငံက ဆုတ်ခွာမှာက ပုံမှန်လောက်ပဲ။ မုန်တိုင်းက စက်တင်ဘာထဲမှာ နှစ်ကြိမ် သုံးကြိမ်လောက်ဖြစ်နိုင်တယ်။ အဲဒါက အလယ်ပိုင်းဒေသနဲ့ အထက်ပိုင်းဒေသတွေမိုးပေးလိမ့်မယ်။ အဲမိုးရေတွေက အောက်ကိုဆက်ဆင်းတော့အောက်ပိုင်း ဒေသတွေရေကြီးလိမ့်မယ်” ဟု မိုးလေဝသ ပညာရှင်ဦးချစ်ကျော်က ပြောကြားသည်။
စက်တင်ဘာလတွင် မြန်မာနိုင်ငံအောက်ပိုင်းဒေသများ၌ မိုးကြီးနိုင်သည့် ဖြစ်စဉ်များလည်းရှိကြောင်း၊ စက်တင်ဘာ၄ရက်မှ ၇ ရက်အတွင်း ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်သည့် မုန်တိုင်းမှ ပြတ်ထွက်လာသည့် တိမ်တိုက်များသည် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးများကို မိုးပေးမည်ဖြစ်ကြောင်း ဦးချစ်ကျော်က ပြောကြားသည်။
“မိုးက ပမာဏများများ ရွာနိုင်တယ်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်မှာ ဒုတိယအကြိမ်မြေပြိုမလားဆိုတာ စိုးရိမ်ရတယ်။ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းက မြစ်နားကမ်းနားက ရေကြီးနိုင်တယ်။ အဲဒါ စက်တင်ဘာလအတွင်းမှာ ဖြစ်နိုင်တာ။ စက်တင်ဘာမှာ မိုးမရသေးတဲ့နေရာတွေ မိုးရနိုင်တယ်။ ရပြီးသား နေရာတွေကတော့ ရေကြီးနိုင်တယ်။ စက်တင်ဘာမှာဖြစ်တဲ့မုန်တိုင်းတွေက မြန်မာနိုင်ငံကို ဝင်လေ့မရှိဘူး။ အလွန်ဆုံး မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်ပေါ့။ ဒါပေမဲ့ မိုးတော့ပေးတယ်” ဟု ဦးချစ်ကျော်က ပြောကြားသည်။
စက်တင်ဘာလအတွင်း အနောက်တောင် မုတ်သုံလေသည် အားအနည်းငယ်မှ အားအသင့်အတင့်ရှိနိုင်ကြောင်း၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့်အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ကြောင်း ခန့်မှန်းချက်တွင် ဖော်ပြထားသည်။
စက်တင်ဘာလအတွင်း မိုးရွာသွန်းမှု အခြေအနေသည် မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၁၈ရက်မှ၂၅ရက်ခန့် နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ၁၀ ရက်မှ ၁၇ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း ခန့်မှန်းချက်တွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
