ရန်ကုန်မြို့အိမ်၊ ခြံ၊ မြေ သတင်းအချက်အလက်စနစ် ထူထောင်ရေးဆိုင်ရာ အကြိုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် Lexis Nexis အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို သြဂုတ် ၂၈ ရက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့၏ အိမ်ရာအခြေအနေကို သိရှိနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် ပူးပေါင်း၍ သုတေသနပြုလုပ်ခဲ့ပြီး အိမ်ရာနှင့် အိမ်ခြံမြေဆိုင်ရာ သတင်းအချက်အလက်စနစ် HREIS ကို ထူထောင်ရန် အကြံပြုခဲ့ကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
“ဒီအကြံပြုချက်ကို ဆောင်ရွက်နိုင်ဖို့ သတင်းအချက်အလက် ဖော်ထုတ်ရာမှာ ဆောင်ရွက်မယ်ဆိုရင် လုပ်ငန်းစဉ်လေးခုကို စတင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပထမတစ်ခုကတော့ အကြိုလေ့လာဆန်းစစ်မှုတစ်ခု ပြုလုပ်ရပါမယ်။ ဒီအကြိုလေ့လာဆန်းစစ်မှုပြုပြီးရင် ဒီကဏ္ဍနဲ့ပတ်သက်ပြီးတော့ HREIS စနစ်တစ်ခု ထူထောင်ဖို့အတွက် ဆောင်ရွက်မယ့်ကုမ္ပဏီကို တင်ဒါခေါ်ယူရမယ့် အစီအစဉ်ရှိပါတယ်။ ဒါ ဒုတိယဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီတင်ခေါ်ယူလိုက်မယ်ဆိုရင် HREIS အခြေအနေတစ်ခု တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် တည်ဆောက်ခြင်းလုပ်ငန်းကို ကဏ္ဍ (၃) မှာ ဆောင်ရွက်ရမှာဖြစ်ပြီး နံပါတ်(၄)ကတော့ ဒီစနစ်ကြီးကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေနိုင်ဖို့အတွွက် ထိန်းသိမ်းစောင့်ရှောက်ပြီး အချက်အလက် Data တွေကို အမြဲတမ်း Upgrade လုပ်နေဖို့ လိုအပ်မှုရှိလာမှာ ဖြစ်ပါတယ်။ ဒီစနစ်ကိုထူထောင်နိုင်ဖို့အတွက် ဒီအဆင့်လေးဆင့်ထဲက ပထမအဆင့်ဖြစ်တဲ့ အကြိုလေ့လာဆန်းစစ်မှုကို Lexis Nexis ကုမ္ပဏီကနေ အခမဲ့ကူညီမယ်လို့ ကမ်းလှမ်းလာတဲ့အတွက်ဒီနေ့ MoU လက်မှတ်ရေးထိုးပွဲကို ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က ပြောကြားသည်။
ထို့နောက် Lexis Nexis ၏ အရှေ့တောင်အာရှ ဒေသတာဝန်ခံ၊ Managing Director Ms.Gaythri Raman က ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် Lexis Nexis တို့အကြား ရန်ကုန်မြို့တော်အိမ်၊ ခြံ၊ မြေ သတင်းအချက်အလက် စနစ်ထူထောင်ရေးဆိုင်ရာ အကြိုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အိမ်ရာစီမံကိန်းများ ရောင်းချရေးကြီးကြပ်မှုကော်မတီ၏ တန်ဖိုးသင့်တန်ဖိုးနည်းတိုက်ခန်းများကို အများပြည်သူသို့ ရောင်းချနိုင်ရေးအတွက် သတင်းအချက်အလက် နည်းပညာများကူညီပံ့ပိုးပေးခဲ့သည့် RITZ Cyber Intelligence Sevices Co.,Ltd အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုး၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ ဥပဒေချုပ်ဒေါ်ခင်မျိုးကြည်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
