ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး - သိန္နီ- ကွမ်းလုံ-ချင်းရွှေဟော်-လောက်ကိုင် လမ်းပိုင်း ၊ သိန္နီမြို့နှင့် ကွမ်းလုံမြို့ကြား နားတီးကျေးရွာအနီးရှိ မိုင်တိုင်အမှတ် ၃ဝမိုင် ရဖာလုံတံတားအား လက်နက်ကိုင်အဖွဲ့များက သြဂုတ် ၂၇ ရက် ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
တံတားမိုင်းခွဲဖျက်ဆီးခံရမှုနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း “၃၁ မိုင်တံတား အချိုးခံရတာ။ အဲဒါက ဟုတ်ပါတယ်။ မနေ့ည ၁၁ နာရီက ချိုးတယ်။ အဲဒီနေရာကိုတော့ တပ်ကဘေလီတံတား ဆောက်ဖို့ လုပ်နေတယ်။ ဘေလီတံတား မပြီးခင်မှာတော့ နေ့ချင်းပြီး လမ်းကြောပြုလုပ်ပေးပြီး ဆက်လက်သွားလာနိုင်အောင်လို့ ဆောင်ရွက်လျက်ရှိပါတယ်။ ဘေလီတံတားက အရင်အတွေ့အကြုံအရဆိုရင်တော့ ဟိုဘက် ၄၁ မိုင် တံတားလုပ်တုန်းကတောင် သုံးရက်လောက်ကြာတယ်။ အနည်းဆုံး နှစ်ရက်သုံးရက်လောက်တော့ ကြာလိမ့်မယ်။ အဲဒါမပြီးခင် လမ်းလွှဲလုပ်ပေးထားမယ်။ မြေထိုးပြီးတော့ လမ်းလွှဲလုပ်ပေးထားမယ်။ လမ်းလွှဲလုပ်တာကတော့ ဒီနေ့ နေ့ချင်းပြီး လုပ်မှာ။ အခုလည်း လုပ်နေပါပြီ” ဟု ပြောကြားသည်။
‘ဒီမနက်တိုက်ပွဲအခြေအနေက နမ်ပေါင်မှာတော့ လက်နက်ကြီးနဲ့ လာရောက်နှောင့်ယှက်ပစ်ခတ်တာရှိတယ်။ မနက် ၆ နာရီခွဲလောက်တုန်းကတော့ နမ့်ပေါင်မှာရှိတဲ့ တပ်စခန်းကိုလာပြီး တိုက်ခိုက်တယ်။ ပြီးတဲ့အခါ ဒဏ်ရာရရှိမှုတော့ မရှိပါဘူး။ သူတို့လည်း ဆုတ်သွားပြီ။ တပ်ထဲလည်း လက်နက်ကြီးကျည်တွေက သိပ်မကျပါဘူး။ နမ်ပေါင်မှာရှိတဲ့ နယ်မြေခံတပ်ရင်းကို လာတိုက်တာ မဟုတ်ပါဘူး။ အဝေးကနေ လက်နက်ကြီးနဲ့ ပစ်တာပါ။ နယ်မြေရှင်းလင်းရေးကိုတော့ ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
မိုင်းခွဲခံခဲ့ရသော တံတားသည် သြဂုတ် ၁၇ ရက်က မိုင်းခွဲခံခဲ့ရသည့် သိန္နီ-ကွမ်းလုံ ပြည်ထောင်စု လမ်းမကြီးပေါ် နားတီးကျေးရွာနှင့် ကွမ်းလုံကြား ကန်မိန်းကျေးရွာအုပ်စုအတွင်း မိုင်တိုင်အမှတ် ၄၀ မိုင် ၅ ဖာလုံတွင် တည်ရှိသည့် ပေ၈ဝအရှည်ရှိ ကွန်ကရစ်တံတားနှင့် သိန္နီမြို့ နှင့် နမ့်စလပ်ကျေးရွာကြား ကောင်းကော်ရွာအနီး နမ့်ခီးတံတားတို့ကြားရှိ အလျားပေ ၅၀၊အကျယ်၂၈ပေ၊အမြင့် ၂၅ ပေရှိတံတား တစ်စင်းဖြစ်ကြောင်း သိရသည်။
“ဒေသအခေါ် ၃၁ မိုင်တံတားလို့ ခေါ်တာပေါ့။ သိန္နီဘက်ကနေ သွားရင်တော့ နားတီးကျေးရွာအထွက်ဘက်က တံတားပေါ့။ ဒီတံတားက ၁၇ ရက်နေ့ ညက ဖောက်ခွဲခံရတဲ့ထဲမှာလည်းပါတယ်။ ဒါပေမယ့် အဲ့တုန်းက အပေါက်လေးတွေပဲ ဖြစ်သွားတယ်။ အဲ့တံတားကို အခုထပ်ပြီးတော့ခွဲခံရတာ။ အခုက တော့လုံးဝကြီးကို ကျိုးသွားတာပါ။ မိုင်းဖောက်ခွဲခံလိုက်ရတဲ့အချိန်က မနေ့ည ၁၁နာရီခွဲ အချိန်လောက်ကပေါ့” ဟု သိန္နီမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါတံတားသည် လားရှိုး - သိန္နီ- ကွမ်းလုံ - ချင်းရွှေဟော် - လောက်ကိုင်သွားလမ်းပေါ်တွင် တည်ရှိသောကြောင့် ယာဉ်ဖြတ်သန်းသွားလာမှုတွင် အဓိကကျသော တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။
“ဒီနေ့ ချင်းရွှေဟော်ကနေ လားရှိုးဘက်ကိုလာဖို့ ကားဂိတ်မှာ ခရီးသည်တွေကိုသောင်တင်နေပြီ။ မနေ့ညက ၃၁ မိုင်တံတား ကျိုးတာကို မသိကြသေးဘူး။ နံနက်ရနာရီလောက်မှ သတင်းတွေ သိရတာဆိုတော့ လားရှိုးသွား မယ့်ခရီးစဉ်တွေကို အကုန်ဖျက်ခဲ့ရတယ်။ ခရီးသည်တွေလည်း ကားပေါ်တက်ပြီးမှ ပြန်ဆင်းရတာပေါ့”ဟု ချင်းရွှေဟော် - လားရှိုး ခရီးသည်တင်ယာဉ်မောင်းဖြစ်သူ ကိုလတ်က ပြောကြားသည်။
လားရှိုး -သိန္နီ -ကွမ်းလုံ - ချင်းရွှေဟော် -လောက်ကိုင်လမ်းပေါ်ရှိ တံတားများ မိုင်းဖောက်ခွဲခံခဲ့ရခြင်းကြောင့် သြဂုတ် ၁၇ ရက်မှ ယာဉ်သွားလာမှုပြတ်တောက်ခဲ့ရပြီး တံတားများ ပြန်လည်ပြင်ဆင်ပြီးစီးချိန် သြဂုတ် ၂၅ ရက်ညနေ ၅နာရီခန့်တွင် လမ်းပြန်ပွင့်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ သြဂုတ်၂၇ ရက် ညပိုင်းတွင် ၃၁ မိုင်တံတား ပြန်လည်၍ မိုင်းဖောက်ခွဲခံခဲ့ရသဖြင့် လားရှိုး -သိန္နီ -ကွမ်းလုံ - ချင်းရွှေဟော် -လောက်ကိုင်လမ်း လမ်းပြန်ပွင့်ပြီး နှစ်ရက်အတွင်း ယာဉ်သွားလာမှုထပ်မံ ပြတ်တောက်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
