လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် အစိုးရ၊ လွှတ်တော်နှင့် လွှတ်တော်ဥက္ကဋ္ဌတို့အပြင် လစာ ၁၀ သိန်း လစဉ်ရနေသည့် လွှတ်တော်အမတ်များတည်ရှိသည်ကို မမေ့သင့်ဟု တပ်မတော်သားကိုယ်စားလှယ်ဗိုလ်မှူး သူဇာရွှေက ထောက်ပြဆွေးနွေးသည်။
သြဂုတ် ၂၈ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဒေါက်တာမောင်သင်း မိတ္ထီလာ မဲဆန္ဒနယ်အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦး ပေးပို့တင်ပြထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့်ပတ်သက်ပြီး လေ့လာစိစစ်ရေး ပူးပေါင်းကေ်ာမတီ၏ အစီရင်ခံစာအပေါ် ဆွေးနွေးစဉ် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်မှူးသူဇာရွှေက စိစစ်ရေးပူးပေါင်းကော်မတီ ပြည်ထောင်စုလွှတ်တော်ထဲတွင် ဥပဒေကြမ်းအပေါ် ကိုယ်စားလှယ်များ၏ ဆွေးနွေးဆုံးဖြတ်ခွင့်ကို ငြင်းပယ်ကျော်လွှားလိုက်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်ခြင်းပင်ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၅ အထွေထွေပြဋ္ဌာန်းချက်များမှ ဇယား ၄ အတိုင်း ကတိသစ္စာပြု ကျမ်းသစ္စာဆိုထားသည်နှင့်အညီ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဥပဒေများကိုလည်း လေးစားလိုက်နာရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
“လက်ရှိဖွဲ့စည်းပုံကြောင့် သမ္မတ ဦးထင်ကျော်၊ ဦးဝင်းမြင့်၊ အစိုးရ၊ ယခုလွှတ်တော်နှင့် လွှတ်တော်ဥက္ကဋ္ဌတွေ၊ လစာ ၁၀ သိန်းကျပ် လစဉ်ရနေတဲ့ လွှတ်တော်အမတ်တွေ တည်ရှိနေတာကို မမေ့ကြဖို့လိုပါတယ်။ ထို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် လက်ရှိတည်ဆဲဥပဒေတွေကို တိကျစွာ လိုက်နာပြီး ထမ်းဆောင်ရမယ့် တာဝန်ဝတ္တရားတွေကို ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ မိမိတို့ဥပဒေပြုလွှတ်တော်အနေနဲ့ ဥပဒေတွေကို ပြင်ဆင်ရာမှာ မည်သည့်ပါတီ၊ အဖွဲ့အစည်းက တင်သည်ဖြစ်စေ လူမျိုးစွဲ၊ ပုဂ္ဂိုလ်စွဲကင်းကာ နိုင်ငံနဲ့ပြည်သူ့အကျိုးစီးပွားကို ဦးတည်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူး သူဇာရွှေက ဆွေးနွေးခဲ့သည်။
ထို့ပြင် ၄၅ ဦးပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ မူလအစ ရာဇဝင်များ၊ ပြင်ဆင်သည့် လုပ်ငန်းစဉ်နှစ်ရပ်အပြိုင် တင်သွင်းလာသည့် သဘောမဟုတ်ဘဲ ဥပဒေကြမ်းနှင့် လုပ်ငန်းစဉ်တို့သည် လာရာနှင့်လားရာ ရည်ရွည်ချက်မတူညီသည့် အကြောင်းများကို လွှတ်တော်ကိုယ်စားလှယ်များက ရှုထောင့်မျိုးစုံဖြင့် ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း၊ လွှတ်တော်ထဲတွင် ဒီမိုကရေစီနည်းလမ်းအရများ ရာမဲနှင့်ဆုံးဖြတ်သည်ဆိုပေမဲ့ ဒီမိုကရေစီ ဆိုသည်မှာ လူအများစု၏ဆန္ဒကို ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ လူနည်းစု၏ဆန္ဒကိုလည်း လေးစားလိုက်နာရမည်ဖြစ်ကြောင်း၊ ယင်းသို့မဟုတ်ပါက ဒီမိုကရေစီအနိုင်ကျင့်မှုပင်ဖြစ်ကြောင်း တပ်မတော်သားကိုယ်စားလှယ်က ဆိုသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း ၁၂၊ ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅ တို့နှင့်အညီ လွှတ်တော်ကိုယ်စားလှယ် ရာခိုင်နှုန်း ၂၀ က လက်မှတ်ရေးထိုးတင်ပြလာသော ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများကို ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုံးသပ်ဖော်ပြချက်အတိုင်း ပြည်ထောင်စုလွှတ်တော်က အခြားမည်သည့်ကိစ္စရပ်ကိုမျှ စောင့်ဆိုင်းပူးပေါင်းခြင်းမပြုဘဲ ပုဒ်မ ၄၃၅ တွင် ပေါ်လွင်နေသည့် အဓိပ္ပာယ်အတိုင်း အမြန်ဆုံး ဆက်လက်ဆောင်ရွက်ရန်လိုအပ်ကြောင်း ဗိုလ်မှူးသူဇာရွှေက ဆွေးနွေးသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
