လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဘူးလက်ဦးလှဆွေ၏ ဖမ်းဝရမ်းအတည်ပြုရက်ကို နှစ်ပတ်တိုးမြှင့်ကာ ဂန့်ဂေါမြို့မရဲစခန်းသို့ ဝရမ်းပြန်လည် ပေးအပ်လိုက်ကြောင်း အနောက်ပိုင်းခရိုင် တရားရုံးသတင်းပြန်ကြား ရေးအရာရှိက သြဂုတ် ၂၈ ရက်တွင် ပြောကြားသည်။
ဘူးလက်ဦးလှဆွေကို ပုဒ်မ ၁၂၄(က)ဖြင့် ဖမ်းဝရမ်းထုတ်ခံထားမှုနှင့် ပတ်သက်၍ အနောက်ပိုင်းခရိုင်တရားရုံးတွင် တတိယအကြိမ်မြောက် ရုံးချိန်းစစ်ဆေးခဲ့ပြီး ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၇၅(၂)နှင့် ပုဒ်မ ၈၂ တို့အရ ဖမ်းဝရမ်းတိုးမြှင့်ခဲ့ကြောင်း သိရသည်။
အနောက်ပိုင်းခရိုင်တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဦးမင်းသန့်က “ဒီနေ့ ရုံးချိန်းမှာ ဒီဖမ်းဝရမ်းကိုပဲ ဂန့်ဂေါမြို့မရဲစခန်းကို ပြန်ပြီးတော့ ယင်းအစီရင်ခံစာအရ စွပ်စွဲခံရသူ ဦးလှဆွေ(ဘူးလက်) နေရပ်လိပ်စာပါအတိုင်း ဖမ်းဝရမ်းကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၇၅(၂)နှင့် ပုဒ်မ ၈၂ တို့အရ ဆက်လက်အတည်ပြု ဆောင်ရွက်နိုင်ရန်အတွက် ဖမ်းဝရမ်းအတည်ပြုရက်ကို ၉ လပိုင်း ၁၁ ရက်ကို တိုးမြှင့်သတ်မှတ်၍ ဖမ်းဝရမ်းကို ပြန်လည်ပေးအပ်လိုက်သည်ဟု ဖမ်းဝရမ်းကို ပြန်ပေးခဲ့ပါတယ်” ဟု ပြောကြားသည်။
ဖမ်းဝရမ်းကို တရားလိုတင်ပြထားသည့် လိပ်စာအတိုင်း ထုတ်ဆင့်ထားခြင်းဖြစ်သော်လည်း လိပ်စာပါ ဂန့်ဂေါမြို့နယ်တွင် ဦးလှဆွေကို ဖမ်းဆီးရမိခြင်းမရှိ၍ ဂန့်ဂေါမြို့နယ်ရဲ တပ်ဖွဲ့က ဝရမ်းကိုပြန်လည်ပေးပို့ခဲ့ပြီး စွပ်စွဲခံရသူ ဦးလှဆွေမှာ ဖမ်းဝရမ်းပါလိပ်စာတွင် နေထိုင်ခြင်းမရှိတော့ဘဲ နေပြည်တော်တွင် ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း၊ ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် ပြည်ထောင်စုလမ်းတွင်လည်း နေထိုင်လျက်ရှိသည်ဟု စုံစမ်းသိရှိရသည်ဟု အနောက်ပိုင်းခရိုင်တရားရုံးသို့ အစီရင်ခံခဲ့ကြောင်း သိရသည်။
“ဂန့်ဂေါမြို့ ဂန့်ဂေါမြို့မစခန်းမှူးက စွပ်စွဲခံရသူ ဦးလှဆွေ(ဘူးလက်) က ဖမ်းဝရမ်းပါလိပ်စာမှာ နေထိုင်ခြင်းမရှိတော့ပါဘူးဆိုတဲ့အကြောင်း၊ ၎င်းသည် နေပြည်တော်တွင် ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း၊ ရန်ကုန်တွင် ဒဂုံမြောက်မြို့နယ် ပြည်ထောင်စုလမ်းတွင်လည်း နေထိုင်လျက်ရှိကြောင်း စုံစမ်းသိရှိရကြောင်း တရားရုံးကို ဝရမ်းပြန်ပေးပို့လာတယ်” အနောက်ပိုင်းခရိုင်တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဦးမင်းသန့်က ပြောကြားသည်။
ဖမ်းဝရမ်းထုတ်ခံထားရသည့် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဘူးလက်ဦးလှဆွေကို ဖမ်းဆီးရမိခြင်း မရှိလျှင် ဦးဝီရသူအမှုကဲ့သို့ ဆောင်ရွက်နိုင်ကြောင်း အနောက်ပိုင်းခရိုင် တရားရုံးသတင်းပြန်ကြားရေးအရာရှိ ဦးမင်းသန့်က သြဂုတ် ၁၄ ရက်ရုံးချိန်းတွင် ပြောကြားထားသည်။
အနောက်ပိုင်းခရိုင်တရားရုံးက ဦးလှဆွေအမှုကို ရာဇဝတ်ကြီးမှုအမှတ် ၇၆/ ၂၀၁၉ ဖြင့် ဆောင်ရွက်နေပြီး အမှုတွင် တရားလိုအပါအဝင် တရားလိုပြသက်သေ ခုနစ်ဦး တင်ထားကြောင်း သိရသည်။
အစိုးရ၊ နိုင်တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့်ပတ်သက်၍ ဟောပြောခဲ့မှုအတွက် ဘူးလက်ဦးလှဆွေအား ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၂၄(က) ဖြင့်အရေးယူပေးရန် ကျောက်တံတားမြို့နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်က အနောက်ပိုင်းခရိုင် တရားရုံးသို့ ဦးတိုက်လျှောက်ထားမှုအား တရားရုံးက လက်ခံခဲ့ပြီး သြဂုတ် ၈ ရက်တွင် ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း သိရသည်။
ဦးလှဆွေသည် သြဂုတ် ၃ ရက်က ကျောက်တံတားမြို့နယ် အမှတ် (၁) ရပ်ကွက်၊ မဟာဗန္ဓုလပန်းခြံလမ်း မြို့တော်ခန်းမရှေ့ ကားပါကင်၌ ‘အမေရိကန်နိုင်ငံမှ မြန်မာ့တပ်မတော် ထိပ်တန်းအရာရှိများအပေါ် အရေးယူ ပိတ်ဆို့မှုများအား ဆန့်ကျင်ကန့်ကွက်ရှုတ်ချပွဲ’ ခေါင်းစဉ်ဖြင့် ဆန္ဒထုတ်ဖော်ပွဲတွင် ဟောပြောမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
