မန္တလေးမြို့တွင် ယောက်ျားလေးတစ်ဦးအား သူငယ်ချင်းဖြစ်သူက ဓားဖြင့်ထိုးကာ ဆိုင်ကယ်လုယူမှုဖြစ်ပွားခဲ့ပြီး တရားခံနှစ်ဦးအား ဖမ်းဆီးထားကြောင်း နယ်မြေရဲစခန်း အမှတ် ၁၁ မှ သြဂုတ် ၂၈ ရက်က သတင်းရရှိသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့၏ စစ်ဆေးချက်များအရ သြဂုတ် ၂၅ ရက် ည ၈ နာ ရီခွဲခန့်က အသက်၂၁ နှစ်အရွယ် အမျိုးသား လူငယ်တစ်ဦးအား ယခင်က အိမ်နီးချင်းနေခဲ့ဖူးသည့် သူငယ်ချင်းဖြစ်သူ အောင်ချမ်းမြေ့ ၂၃ နှစ်က ဖုန်းဖြင့်ဆက်၍ ခေါ်ဆောင်တွေ့ဆုံခဲ့ပြီး ၇၄ လမ်း၊ မနော်ဟရီလမ်းတောင်ဘက် လူမနေသည့် အုတ်တံတိုင်းများကာရံထားသော ခြံကြားသို့ ပို့ဆောင်စေခဲ့သောကြောင့် ဖက်တီး(ခ) လင်းပြည့်စုံသန့် ၁၇ နှစ်နှင့်အတူ ဆိုင်ကယ်အား သုံးယောက်စီးကာ အဆိုပါနေရာအရောက်တွင် ယောက်ျားလေးအား အောင်ချမ်းမြေ့နှင့် ဖက်တီးတို့မှ ထိုးကြိတ်ကာ အောင်ချမ်းမြေ့က အစိမ်းရောင်ကော်ရိုး တပ်ဓားဦးချွန်ဖြင့်ထိုး၍ ဆိုင်ကယ်အား နှစ်ယောက်အတူ လုယူမောင်းနှင်ထွက်ပြေးခဲ့ကြောင်း သတင်းရရှိသည်။
သြဂုတ် ၂၆ ရက်တွင် အဆို်ပါလူငယ်က နယ်မြေရဲစခန်း(အမှတ်-၁၁) သို့ တိုင်တန်းသောကြောင့် တရားခံဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့မှ နယ်မြေအတွင်း ဖြန့်ကြက်စုံစမ်းရာ အခင်းဖြစ်စဉ်က ပျောက်ဆုံးဆိုင်ကယ် အား ၆၇ လမ်းနှင့် ၆၈ လမ်းကြား၊ ဂေါ်သဇင်လမ်းရှိ ဝပ်ရှော့တွင်တွေ့ရှိသဖြင့် ဆိုင်ကယ်အပ်နှံသူများအား စုံစမ်းရာ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၆၈ လမ်း၊ သိပ္ပံလမ်းနှင့် သဇင်လမ်းကြားနေ အောင်ချမ်းမြေ့ ၂၃ နှစ်၊ ဘီယာကုမ္ပဏီဝန်ထမ်းနှင့် ၆၈ လမ်းနှင့် ၆၉ လမ်းကြားနေ လင်းပြည့်စုံသန့် ၁၇ နှစ်၊ ကျပန်းတို့ဖြစ်ကြောင်း သိရှိရပြီး အောင်ချမ်းမြေ့အား လမ်း ၃၀ နှင့် ၇၅ လမ်းထောင့်ရှိ ထမင်းဆိုင်တွင်လည်းကောင်း၊ လင်းပြည့်စုံသန့်အား ၆၈ လမ်းနှင့် ၆၉ လမ်း စိန်ပန်းလမ်းထောင့်ရှိ ကားတာယာ ဆိုင်တွင်လည်းကောင်း ရှာတွေ့ရှိခဲ့ပြီး မေးမြန်းရာ ၎င်းတို့နှစ်ဦးက ပြစ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုသဖြင့် သက်သေခံ ဆိုင်ကယ်အား သိမ်းဆည်းကာ တရားခံများအား ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။
ဓားထိုးခံရသည့် ယောက်ျားလေးမှာ ဒဏ်ရာသာရရှိခဲ့ကြောင်း နယ်မြေရဲစခန်းအမှတ် ၁၁ မှ စခန်းမှူးထံမှ သိရသည်။
အမှုမှ တရားခံများ၏ ဝန်ခံထွက်ဆိုချက်အရ သက်သေခံဆိုင်ကယ်အပ်နှံထားသည့် ဝပ်ရှော့သို့ တရားခံများအားခေါ်ဆောင်ကာ သက်သေများနှင့်အတူ သွားရောက်သိမ်းဆည်းခြင်း၊ ပြစ်မှုကျူးလွန်စဉ် တရားခံများမှ တရားလိုအား ထိုးကြိတ်ခဲ့သည့် သက်သေခံ FLOWER ROSE စာတန်းပါ အစိမ်းရောင်ကော်ရိုးတပ် အရိုးအသွားကိုးလက်မခန့်ရှိ ဓားဦးချွန်တစ်ချောင်း (အရိုးကျိုးလျက်)အား တရားခံများမှ အခင်းဖြစ်နေရာသို့ လိုက်လံပြသအပ်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
