ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး- မိုင်းရယ်-တန့်ယန်း သွားလမ်းပေါ် နမ့်ပေါင်ကျေးရွာ၊ ခလရ(၂၉၁) အနီးတွင် သြဂုတ် ၂၈ ရက်နံနက်ပိုင်းက တိုက်ပွဲများဖြစ်ပွားနေသဖြင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြရပြီး အချို့မှာ ရွာအနီးရှိ ဘုန်းကြီးကျောင်းနှင့် လားရှိုးမြို့ရှိ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းသို့ သွားရောက်ကာ ခိုလှုံနေကြရကြောင်း သိရသည်။
နမ့်ပေါင်ကျေးရွာအနီးတွင် သေနတ်သံများ စတင်ကြားရသည့်အချိန်မှာစ၍ ရွာအတွင်းရှိ စျေးဆိုင်များ ကျောင်းများပိတ်ခဲ့ရပြီး ဒေသခံအများအပြားမှာ ရွာထိပ်ရှိ ဝေဠုဝန်ကျောင်းနှင့် မိမိနီးစပ်ရာနေအိမ်များတွင် စုပေါင်းကာ နေထိုင်နေကြကြောင်း သိရသည်။
“လက်ရှိအချိန်မှာတော့ ရွာထဲက ဒေသခံတွေ တော်တော်များများ အဝတ်ထုပ်တွေ၊ စောင်ထုပ်တွေပိုက်ပြီး ဘုန်းကြီးကျောင်းကို ပြေးလာနေကြတယ်။ ပစ်ခတ်မှုကတော့ ခုနက လက်နက်ကြီးသံတွေ ကြားမိလိုက်သေးတယ်။ ဝေဠုဝန်ကျောင်းမှာတော့ ဒေသခံတွေ တော်တော်များများရောက်နေပါပြီ။ ဘယ်နှဦးလောက်ရှိတယ်ဆိုတာ ခန့်မှန်းရတော့ ခက်နေပါသေးတယ်။ အခုထက်ထိ ဒေသခံတွေ အထုပ်တွေထမ်းပြီး လာနေကြတုန်းမို့ပါ”ဟု နမ့်ပေါင်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။
“အခုတော့ ငြိမ်နေတယ်။ ဘာသံမှ လည်းမကြားရဘူး။ တစ်ချက်တစ်ချက် သေနတ်သံတွေတော့ကြားတယ်။ ရွာမှလည်း ဘယ်သူမှမရှိကြတော့ဘူးထင်တယ်။ ကျွန်မတို့လည်း ကြောက်လို့ အိမ်ထဲကနေ အိမ်ပြင်တောင် မထွက်ရဲကြဘူး။ ပစ်ခတ်မှုတွေ စကြားရတာကတော့ မနက် ၅ နာရီကျော်လောက်ကပေါ့။ ကျွန်မက စျေးဆိုင်ခင်းနေတုန်း လက်နက်ကြီးသံတွေ စကြားရတာ။ အဲဒါနဲ့ စျေးအမြန်ပြန်သိမ်းပြီး အိမ်ထဲမှာပဲ ပုန်းနေကြရတယ်။ ရွာထဲကလူတွေလည်း အကုန်ဘုန်းကြီးကျောင်း ရောက်ကုန်ပြီထင်တယ်။ တစ်ယောက်မှ ရွာထဲမှာ မတွေ့ကြတော့ဘူး” ဟု နမ့်ပေါင်ကျေးရွာနေ ကုန်သည်တစ်ဦးဖြစ်သူ နန်းသဇင်ဦးက ပြောသည်။
ပစ်ခတ်မှုများကြောင့် နမ့်ပေါင်ကျေးရွာအတွင်းရှိ ဒေသခံများသည် နမ့်ပေါင် မြို့မကျောင်းတွင် ၂၀၀ ခန့်၊ ဝေဠုဝန် ကျောင်းတွင် ၇၀၀ ခန့်ထိ တိုက်ပွဲရှောင်သူရှိနိုင်ပြီး လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတွင် ညနေ ၄ နာရီထိ ၁၉ ဦးရှိနေပြီး ထပ်မံရောက်ရှိရန် ရှိနေသေးကြောင်း သိရသည်။
“အန်တီတို့ နမ့်ပေါင်မှာနေလာတာ ကြာပြီ။ ဒီလိုမျိုးတစ်ခါမှ မကြုံဖူးဘူး။ တိုက်ပွဲဖြစ်တာက မနက်အစောကြီးဖြစ်တာ။ အန်တီ ဘုရားရှိခိုးနေတုန်း သေနတ်သံတွေကြားလို့ အပြင်ထွက်ကြည့်လိုက်တော့ ရွာနားက လယ်ကွင်းတွေထဲ လက်နက်ကြီးကျတာတွေ တွေ့ရတယ်။ ဒါနဲ့ အန်တီတို့လည်း အဝတ်တစ်ထည် နှစ်ထည်ကောက်ထည့်ပြီး ကြုံရာကားနဲ့ လားရှိုးကို ပြေးလာကြတယ်။ အန်တီတို့မိသားစုတွေထဲက မိန်းမသားတွေ အကုန်ပြေးလာကြတယ်။ အမျိုးသားကတော့ အိမ်စောင့်ကျန်ခဲ့ရတာပေါ့” ဟု နမ့်ပေါင်ကျေးရွာ မှ လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းသို့ စစ်ဘေးရှောင်လာသူ ဒေါ်နန်းမြစိန်က ပြောသည်။
တိုက်ပွဲများဖြစ်ပွားရာ ခလရ (၂၉၁) တပ်သည် နမ့်ပေါင်မှ မိုင်းရယ်ဘက်သို့ အထွက်လမ်း နမ့်ပေါင်ကျေးရွာ ရပ်ကွက်(၅) နှင့် ရပ်ကွက် (၆) အနီးတွင်တည်ရှိနေခြင်းကြောင့် ပစ်ခတ်မှုများကို စိုးရိမ်ပြီး ဒေသခံအများအပြား နီးစပ်ရာသို့ သွားရောက်ခိုလှုံနေကြရခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
