လွိုင်ကော်မြို့ အဝေးပြေးဝင်းတွင် ပွိုင့် ၂၂ ကျည်ဆန်အတောင့် ၁၅၀၀ ဖမ်းဆီးရမိပြီး ဆက်လက်စစ်ဆေးရာ စိတ်ကြွဆေးများ ထပ်မံဖမ်းမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
လွိုင်ကော်မြို့ အဝေးပြေးကားဂိတ်ဝန်းအတွင်း ရွှေရာဇာဂိတ်တွင် ပါဆယ်ထုပ်များအား အဝေးပြေးရဲတပ်ဖွဲ့ဝင်များမှ တာဝန်အရနေ့စဉ်စစ်ဆေးစဉ် ဆာလာအိတ်တစ်လုံးထဲမှ ပွိုင့် ၂၂ ကျည်ဆန်များနှင့် စိတ်ကြွရူးသွပ်ဆေးပြားများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
သြဂုတ် ၂၇ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ဆာလာအိတ်ကို မကေသီမြဆိုသော အမျိုးသမီးတစ်ဦးမှ ကားဖြင့်လာရောက်ချပေးပြီး မန္တလေးသို့ ပို့လိုကြောင်း ကားဂိတ်သို့ လာရောက်အပ်နှံရာ တာဝန်ကျသူများမှ သွားရောက်စစ်ဆေးရာ ပဲနို့အချိုရည် ပလတ်စတစ်ဗူးခွံဟောင်းများထဲ ထည့်ထားသော ပွိုင့် ၂၂ ကျည် ၁၅၀၀ တောင့်အား တွေ့ရှိသဖြင့် ၄င်းနေထိုင်ရာ စက်မှုဇုန်ရှိ အိမ်သို့သွားရောက်စစ်ဆေးသည်ဟု သိရသည်။
စက်မှုဇုန်ရှိအိမ်သို့ သွားရောက်စစ်ဆေးရာတွင် ၄င်းအမျိုးသားဖြစ်သူ ကိုနေအောင်ဆိုသူအား တွေ့ရှိပြီး နေအိမ်အား ဆက်လက်ရှာဖွေရာ နေအိမ်ရှေ့ရပ်ထားသော ကားအတွင်း ရှေ့ထိုင်ခုံကြားမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၁ ပြားအား တွေ့ရှိကြောင်းသိရသည်။
“သူတို့လင်မယားက လာနေတာ မကြာသေးဘူး တစ်နှစ်လောက်ပဲရှိမယ်။ သမီးလေးတွေ ရှိတယ်။ ဦးလေးတို့ကို ရဲက အကြောင်းကြားတော့ လိုက်သွားပေးရတာပေါ့။ သူတို့က မန္တလေးကို ပို့တာတဲ့။ သူတို့ဖုန်းတွေ သိမ်းစစ်ကြည့်တော့ မန္တလေးက တောလိုက်မုဆိုးတွေနဲ့ ဖုန်းတွေခေါ်ထားတာ တွေ့ရသတဲ့ မုဆိုးတွေက ဝယ်တာတဲ့။ တောကောင်ပစ်ဖို့ ဝယ်တာလို့သိရတယ်။ သူက ထိုင်းနယ်စပ်ကဝယ် မန္တလေးကို တဆင့်ပြန်ရောင်းတာပေါ့။ ထိုင်းကျည်က တရုတ်ကျည်နဲ့မတူဘူး ပစ်ရတာ လေးလေးပင်ပင်ရှိတယ်လို ရဲတွေစစ်တော့ ပြောတာပဲ။ ကျည်ဆန်ကတော့ ဦးလေးတို့အပိုင်း မဟူတ်ဘူး။ ဆေးပြားကတော့ ကိုယ့်စက်မှုဇုန်ထဲမိတော့ အချက်အလက် ယူထားရတာပေါ့” ဟု စက်မှုဇုန်ဝန်ထမ်းတစ်ဦးမှ ပြောဆိုသည်။
ကျည်ဆန်နှင့် မူးယစ်ဆေးများ တွေ့ရှိသဖြင့် ကိုနေအောင်နှင့် ဇနီးသည်တို့အား လွိုင်ကော်မြို့မရဲစခန်းတွင် လက်နက်ဥပဒေနှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေများဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
