ဆံတော်ရှင် ကျိုက်ထီရိုးတောင်တက် ဘုရားဖူးရာသီရောက်ရှိလာပြီဖြစ်သဖြင့် ဘုရားဖူးလာရောက်သည့် ပြည်သူများ ဝမ်းပျက်ဝမ်းလျောရောဂါ မဖြစ်ပွားစေရေးအတွက် အများပြည်သူသုံး ရေဂါလန်နှစ်သိန်းဆံ့ သိုလှောင်ကန်နှင့် ရေဂါလံတစ်သောင်းနှစ်ထောင်ဆံ့ သိုလှောင်ကန်များကို ကလိုရင်းဆေးခတ်ခြင်းလုပ်ငန်းဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ဝမ်းပျက်ဝမ်းလျောရောဂါ မဖြစ်ပွားစေရေး ကြိုတင်ဆောင်ရွက်မှုကို ကျိုက်ထိုမြို့နယ် ပြည်သူ့ကျန်မာရေးဦးစီးဌာနက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ ကျန်းမာရေးဌာန သတိပေးချက်များကိုဒေသခံများအပြင် ဧည့်သည်များပါလိုက်နာပေးကြရန်လည်း တိုက်တွန်းနှိုးဆော်ထားသည်။
လက်ရှိအချိန်အထိ ဒေသခံများအပါအဝင် ဘုရားဖူးလာရောက်ဖူးမျှော်သူ ဧည့်သည်များအတွင်း ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားသူ မရှိသေးကြောင်း အသိပေးထားသည်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် တည်ရှိသည့် ဆံတော်ရှင်ကျိုက်ထီးရိုးတောင်တော်ဖွင့်ပွဲကို သီတင်းကျွတ်လပြည့်နေ့မှစတင်၍ စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။






-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
