AFC Challenge League (၃)သင်းအုပ်စု ပတ်လည် ပြိုင်ပွဲမှာ ယမန်နေ့ နိုဝင်ဘာ (၂) ရက်တွင် ပြီးဆုံးခဲ့ပြီဖြစ်ကာ ရှမ်းယူနိုက်တက်အသင်းက အမှတ်ပေးဇယားရပ်တည်မှုအရ အုပ်စုဗိုလ်စွဲခဲ့ပြီဖြစ်သည်။
ယမန်နေ့ နိုဝင်ဘာ (၂) ရက် ညနေပိုင်းကရှမ်းယူနိုက်တက်နှင့် တိုင်နန်စီးတီးအသင်းတို့ နောက်ဆုံး ဗိုလ်လုပွဲစဉ်ကို ယှဉ်ပြိုင်ကစားကြရာ ပထမပိုင်းပွဲချိန်တွင် တစ်ဖက် (၁) ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့သည်။
ထို့နောက် ဒုတိယပိုင်းပွဲချိန်အတွင်းတွင်လည်း တစ်ဘက် (၁) ဂိုးစီ ထပ်မံသွင်းယူခဲ့ကြသဖြင့် ပွဲစဉ်ပြီးဆုံးချိန်တွင် တစ်ဘက် (၂) ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့ကြသည်။
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် အဆိုပါ သုံးသင်းအုပ်စုပတ်လည် AFC Challenge League ပြိုင်ပွဲတစ်လျှောက်တွင် ရှမ်းယူနိုက်တက်အသင်းက YOUNG ELEPHANTS အသင်း(လာအို)ကို (၂)ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး တိုင်နန်စီးတီးအသင်း(တိုင်ပေ)ကို (၂) ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ကာ ရမှတ်(၄)မှတ်စီရရှိခဲ့ကြသည်။
အာရှဘောလုံးအဖွဲ့ချုပ် ကလပ်အသင်းများပြိုင်ပွဲ( AFC Challenge League 2024 )ကို မြန်မာ၊ လာအို၊ တိုင်ပေ သုံးသင်းအုပ်စု ပတ်လည် ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်သည်။
ပုံစာ- ရှမ်းယူနိုက်တက်အသင်းနှင့်တိုင်နန်စီးတီးအသင်း အသင်းတို့၏ ဗိုလ်လုပွဲနေ့ ပုံရိပ်အချို့





-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
