အင်ဒိုနီးရှားတွင် Apple ကုမ္ပဏီ၏ iPhone 16 ရောင်းချမှုကို တားမြစ်ပိတ်ပင်ပြီးနောက် ရက်ပိုင်းအကြာတွင် နည်းပညာကုမ္ပဏီကြီးများ၏ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာစည်းမျဉ်းများကို လိုက်နာရန်ပျက်ကွက်မှုကြောင့် Google Pixel ဖုန်းများကို ရောင်းချခွင့် ထပ်မံတားမြစ်ပိတ်ပင်ခဲ့ကြောင်း စက်မှုဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အင်ဒိုနီးရှားအစိုးရက ပြည်ပနည်းပညာကုမ္ပဏီများထံမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိရန် ကြိုးပမ်းသည့်အနေဖြင့် ဖုန်းအစိတ်အပိုင်းများ၏ ၄၀ရာခိုင်နှုန်းကို အင်ဒိုနီးရှားတွင် ထုတ်လုပ်ရန် လိုအပ်သည့် စည်းမျဉ်းများကို ပြဋ္ဌာန်းခဲ့သည်။
"ဒီထုတ်ကုန်တွေဟာ ကျွန်တော်တို့ ပြဋ္ဌာန်းထားတဲ့ စည်းမျဉ်းတွေနဲ့ ပြည့်မီမှု မရှိတဲ့အတွက် အင်ဒိုနီးရှားနိုင်ငံမှာ ရောင်းချခွင့် ပိတ်ပင်လိုက်တာဖြစ်ပါတယ်" ဟုစက်မှုဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဖီဘရီဟင်ဒရီအန်တိုနီအရစ်ဖ်က အေအက်ဖ်ပီသတင်းကို ပြောပြခဲ့သည်။
"Google Pixel ဖုန်းတွေအတွက်ဆိုရင် သူတို့ဆီမှာ TKDN တရားဝင်လက်မှတ် မရှိပါဘူး"ဟု ၎င်းက ၄၀ ရာခိုင်နှုန်းစည်းမျဉ်းကိုချမှတ်သည့် စီမံကိန်း၏ အတိုကောက်ကို ရည်ညွှန်းပြောကြားခဲ့သည်။
ယခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံကို ဝင်ရောက်လာသည့် Google Pixel ဖုန်းအလုံးရေ ၂၂၀၀၀ ဝန်းကျင်ရှိသည်ဟု စက်မှုဝန်ကြီးဌာန အချက်အလက်တွင် ဖော်ပြထားသည်။
iPhone 16 ဖုန်းများသည်လည်း ၄၀ ရာခိုင်နှုန်းစည်းမျဉ်းနှင့် ပြည့်မီခြင်းမရှိဟု ၎င်းကဆိုသည်။
■Ref : AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
