ရှမ်း/မြောက် ကျောက်မဲမြို့နယ်အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA)နှင့် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသည့် TNLA တို့အကြား စစ်ရေးတင်းမာသည့် အခြေအနေမျိုး တွေ့ရှိနေရပြီး၊ ၎င်းတို့အကြား တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။
၎င်းတို့ နှစ်ဘက်တပ်များအကြား စစ်ရေးတင်းမာရသည့်အခြေအနေမှာ TNLA က နောင်ချိုမြို့နယ်အတွင်း SSPP/SSA တပ်များ ဖြတ်သန်းသွားလာခြင်း ၊ ဝင်ရောက်တပ်စွဲခြင်းများမပြုလုပ်ရန် တားမြစ်ရာမှ နှစ်ဘက်စစ်ရေးတင်းမာနေခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့ကြောင့် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာနှင့် မိုင်းတင်းကျေးရွာတွင် SSPP/SSA တပ်များ အင်အားဖြည့်တင်း၍ စစ်ရေးပြင်ဆင်သည့်အခြေအနေများ တွေ့ရှိရပြီး၊ TNLA ဘက်မှလည်း ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် တပ်နေရာချထားသည်များတွေ့နေရကြောင်း သိရသည်။
” အဓိက က နှစ်ဖက်တပ်တွေ နယ်မြေအတွင်း သွားလာလှုပ်ရှားနေတာကို တစ်ဖက်နဲ့တစ်ဖက် တားမြစ်ရာကနေ စစ်ရေးတင်းမာတယ်လို့ သိရတယ်။ အခြားကိစ္စတွေတော့မသိဘူး။ ကျောက်မဲပတ်ဝန်းကျင်မှာတော့ နှစ်ဖက်တပ်တွေ နေရာယူထားမျိုးတွေတော့ တွေ့နေရတယ်”ဟု အဆိုပါဒေသခံက ဆိုသည်။
TNLA အနေဖြင့် SSPP/SSA အဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့မည်ဆိုပါက စစ်မျက်နှာနှစ်ဘက်ဖြစ်လာနိုင်ဖွယ် ရှိသည်ဟု သိရသည်။
ယခင်ကလည်း ကျောက်မဲမြို့နယ်အတွင်းရှိ SSPP နယ်မြေအတွင်း TNLA အဖွဲ့က အတင်းဝင်ရောက်ခဲ့ခြင်းကြောင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး TNLA အဖွဲ့ဝင်များ ေ-သဆုံးခဲ့သည်များရှိကြောင်း ဒေသတွင်း သတင်းများတွင် တွေ့ရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
