တိုက်စစ်ပိုင်းလိုအပ်ချက်ရှိနေသည့် အာဆင်နယ်အသင်းသည် ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး ဗလာဟိုဗစ်အား လာမည့်ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင် ခေါ်ယူရန် စောင့်ကြည့်နေကြောင်း သိရှိရသည်။
ဆားဘီးယားတိုက်စစ် မှူး ဗလာဟိုဗစ်(၂၂ နှစ်)သည် ယခုရာသီတွင် ခြေစွမ်းပြနေသော်လည်း နည်းပြ မော့တာ၏နည်းစနစ်နှင့် အံမဝင်ဟု သုံးသပ်ခံနေရသူဖြစ်သည်။
အာဆင်နယ်အသင်းသည် ဗလာဟိုဗစ်အား ခေါ်ယူရန် ကာလရှည်စိတ်ဝင်စားနေခြင်းဖြစ်ပြီး ယခုအခါ ကစားသမား၏အခြေအနေကို စောင့်ကြည့်နေကြောင်း သိရသည်။
ဗလာဟိုဗစ်သည် ဂျူဗင်တပ်စ်နှင့် စာချုပ်သက်တမ်း (၁၈) လကျန်ရှိတော့ပြီး အာဆင်နယ်က ယူရိုသန်း (၆၀) ဖြင့် ခေါ်ယူရန်စိတ်ဝင်စားနေခြင်းဖြစ်သည်။
အာဆင်နယ်အသင်းသည် ဘုန်းမောက်အသင်းကို ၂-၀၊ နယူးကာဆယ်အသင်းကို ၁-၀ ဂိုးတို့ဖြင့် ပရီးမီးယားလိဂ် ၂ ပွဲဆက် ရှုံးနိမ့်ထားပြီး စနေပွဲစဉ်များအပြီးတွင် ရမှတ် ၁၈ မှတ်ဖြင့် စတုတ္တနေရာ ရပ်တည်နေကာ ဇယားထိပ်ဆုံးမှ လီဗာပူးလ်အသင်းနှင့် ၇ မှတ်ကွာဟနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
