လာလီဂါကလပ်များဖြစ်သည့် ဆိုစီဒက်နှင့် ဂျီရိုနာအသင်းတို့သည် ဘာစီလိုနာနောက်ခံကစားသမား အဲရစ်ဂါစီယာအား ခေါ်ယူရန် အပြိုင်စိတ်ဝင်စားနေကြကြောင်း သိရှိရသည်။
အသက် (၂၃) နှစ်အရွယ်ရှိ် စပိန်လက်ရွေးစင်နောက်ခံကစားသမား အဲရစ်ဂါစီယာသည် နည်းပြ ဟန်ဆီဖလစ်ခ် လက်ထက်တွင် ပုံမှန်ပွဲကစားခွင့်ရရန် ရုန်းကန်နေရသူဖြစ်သည်။
ယခုအခါ ဘာစီလိုနာအသင်း၏အဓိကနောက်ခံ ကစားသမားဖြစ်သူ အာရူဟိုမှာလည်း ဒဏ်ရာမှပြန်လည်သက်သာလာပြီး နိုဝင်ဘာလ တတိယပတ်တွင် ပြန်ကစားနိုင်ဖွယ်ရှိကြောင်း သိရသည်။
အာရူဟိုသာ ပြန်ကစားနိုင်ပါက အဲရစ်ဂါစီယာမှာ ပွဲကစားခွင့်ရရန် ပိုမိုရုန်းကန် ရဖွယ်ရှိကြောင်း သုံးသပ်နေကြသည်။ ထို့ကြောင့် ဆိုစီဒက်နှင့် ဂျီရိုနာအသင်းတို့သည် အဲရစ်ဂါစီယာအား လာမည့်ဇန်နဝါရီတွင်ခေါ်ယူရန် အပြိုင်ကြိုးပမ်းလာဖွယ်ရှိကြောင်း သိရှိရသည်။
ဘာစီလိုနာအသင်းသည် အသင်းနှင့် ၂၀၂၆ ခုနှစ်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည့် အဲရစ်ဂါစီယာကို ရောင်းချဖွယ်ရှိကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
