နာဂဒေသ နန်းယွန်းမြို့မှ မြစ်ကြီးနား သွားသည့် ယာဉ်စီးခများမြင့်တက်လျှက်ရှိပြီး၊ ဒေသတွင်းလမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့်ကုန်စည်စီးဆင်းမှုများ နှောင့်နှေးကြန့်ကြာနေကာ ကုန်ဈေးနှုန်းများလည်း မြင့်တက်လျက်ရှိကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။
လက်ရှိ နန်းယွန်း-ရှင်ဗွေယန်-တနိုင်း-မြစ်ကြီးနားယာဉ်စီးခ ဈေးနှုန်းများအနေဖြင့် နန်းယွန်း-ရှင်ဗွေယန်ကို ၈၀,၀၀၀ကျပ်မှ ၁၂၀,၀ ၀၀ ကျပ် ၊ ရှင်ဗွေယန်- တနိုင်းကို ၆၀,၀၀၀ ကျပ်မှ ၉၀,၀၀၀ ကျပ် ၊ တနိုင်း-မြစ်ကြီးနားကို ၂၅၀,၀၀၀ ကျပ် မှ ၃၅၀,၀၀၀ ကျပ်အထိ အသီးသီးရှိကြကြောင်း သိရသည်။
ထို့အတူ နာဂဒေသ လေရှီးမြို့နှင့် နန်းယွန်းမြို့တို့တွင် ကုန်စည်ပို့ဆောင်ရေးဈေးနှုန်းနှင့် ခရီးသွားလာရေးစရိတ်များ အဆမတန်မြင့်မားလာခြင်းကြောင့် ဒေသတွင်း ကုန်ဈေးနှုန်းများလည်းမြင့်တက်လျှက်ရှိကြောင်း သိရသည်။
နန်းယွန်းမြို့နှင့် ထိစပ်နေသည့် ကချင်ပြည်နယ်အတွင်း နေရာအချို့၌ တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ခရီးသွားလာရေးနှင့် ကုန်စည်ပို့ဆောင်ရေး ခက်ခဲနေသလို ၊ လေရှီးမြို့နှင့် တဆက်တည်းဖြစ်သည့် ဟုမ္မလင်းမြို့တွင်လည်း တိုက်ပွဲများ မကြာခဏဖြစ်ပွားနေခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများရှိနေပြီး ဒေသတွင်းကုန်စည်ပြတ်လပ်သည်အထိ ကြုံတွေ့နေကြရကြောင်း သိရသည်။
လက်ရှိ နာဂဒေသ နန်းယွန်းမြို့အတွင်း အခြေခံစားသောက် ကုန်ဈေးနှုန်းများမှာ ဆန်ကြမ်း တစ်အိတ်လျှင် ကျပ် (၂၇၀, ၀၀၀)၊ ဆန်ချော တစ်အိတ်လျှင် (၃၂၀,၀၀၀)၊ စားဆီ တစ်ပိဿာ ကျပ် (၃၀,၀၀၀)၊ ဆားတစ်ထုပ် ကျပ်(၃၀၀၀)၊ ပဲနီ လေး တစ်ဗူး ကျပ် (၄,၀၀၀)၊ ပဲဝါလေး တစ်ဗူး ကျပ် (၃,၀၀ဝ)၊ ကြက်ဥ တစ်လုံး ကျပ် (၁,၀၀၀)၊ Instant Coffeemix တစ်ထုပ် ကျပ်(၁၀၀၀)အသီးသီးရှိကြောင်း သိရသည်။
နန်းယွန်းမြို့သည် လီဒိုလမ်းမကြီးပေါ်တွင်တည်ရှိသည့် မြို့တစ်ခုဖြစ်ပြီး၊ ဒေသအတွင်းအခြေခံစားကုန်နှင့် လူသုံးကုန်များကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှတဆင့် သယ်ယူပို့ဆောင်နေရခြင်းဖြစ်သည်။
အလားတူ လေရှီးမြို့သည် မုံရွာ-ဟုမ္မလင်း ရေကြောင်းပို့ ဆောင်ရေးကို အဓိက အားထားရသည့် ဒေသတစ်ခုဖြစ်ပြီး ချင်းတွင်းမြစ်ကြောင်းဒေသတလျှောက် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်။
ပုံစာ– နန်းယွန်း-ရှင်ဗွေယန်-တနိုင်းလမ်းပိုင်း တစ်နေရာ(ပုဲအဟောင်း)

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
