မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးအား လာရောက်ဖူးမျှော်ရင်း ရွှေစက်တော်ဘေးမဲ့တောဥယျာဉ်ကို ဝင်ရောက်လေ့လာနိုင်ကြောင်း သိရသည်။
ဘေးမဲ့တောဥယျာဉ်တွင် ကြယ်လိပ်နှင့် ရွှေသမင်များကို ကြည့်ရှုနိုင်ပြီး မွေးမြူခြင်းကို ၂၀၀၄ ခုနှစ်မှ စတင်ကာ သစ်တောဦးစီးဌာန၊ သားငှက် တိရစ္ဆာန်အဖွဲ့နှင့် လိပ်မျိုးရှင်သန်းရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ရွှေသမင်များကို ၂၀၁၂ ခုနှစ်တွင် နေပြည်တော် ဆာဖာရီဥယျာဉ်နှင့် ပုဂံလောကနန္ဒာဥယျာဉ်များမှ အထီး (၅) ကောင်၊ အမ (၇) ကောင်ဖြင့် စတင်မွေးမြူထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရွှေစက်တော် တောရိုင်းတိရစ္ဆာန်နှင့် ဘေးမဲ့တော ဥယျာဉ်သည် ရွှေစက်တော်ဘုရားအဝင် (၃)မိုင်လမ်းရှိ လှေတင်တံတား အနောက်ဘက်တွင် တည်ရှိပြီး ကြယ်လိပ်နှင့် ရွှေသမင်များအပြင် နို့တိုက်သတ္တဝါမျိုးစုံ၊ ကုန်းနေရေနေသတ္တဝါမျိုးစုံနှင့် ငှက်မျိုးစိတ် များစွာရှိသည့်အပြင် စွေ့ငှက်၊ နဖားကြူးငှက်၊ မြန်မာဘီလုံးငှက်၊ ငှက်မင်းသား၊ ဗိုက်ဖြူငှက်များ နေထိုင်ကျက်စားလျက် ရှိကြသော်လည်း အချို့မှာ မျိုးသုဉ်းပျောက်ကွယ် နေပြီဖြစ်ကြောင်း ရွှေစက်တော် ဂေါပကအဖွဲ့ထံမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
