ရန်ကုန်မြို့တိရစ္ဆာန်ဥယျာဉ်ရှိ ဆင်မကြီးမိုမို၏ အသက် ၇၁ ပြည့် မွေးနေ့အထိမ်းအမှတ်ကို ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့ မနက် ၁၁ နာရီ က တိရစ္ဆာန်ဥယျာဉ်အတွင်းမှာစည်ကားစွာကျင်းပပြုလုပ်ခဲ့တာဖြစ်သည်။
အဆိုပါပွဲအခမ်းအနားကို ပြည်သူချစ်အနုပညာရှင်များမှတက်ရောက်ခဲ့ကြတာဖြစ်ပြီး ဆင်မကြီးမိုမို၏ ဆင်ဦးစီးဖြစ်သူ ကိုအောင်ဝင်းသောင်း က
” ဆင်မကြီးမိုမိုကို အခုချိန်ထိ ဆင်ဦးစီးအနေနဲ့ ထိန်းပေးခဲ့တာဖြစ်ပါတယ်။ဆင်မကြီးမိုမိုကအသန့်အပြန်အရမ်းကြိုက်လို့သေချာဂရုစိုက်ရတယ်။ အသက်ကြီးလာတဲ့နောက်ပိုင်း အားဆေးတွေကအစ ထိုးပေးရတယ်။သူ့အတွက်အားရှိစေမယ့်အစားစားတွေကိုသေချာဂရုစိုက်ကျွေးမွေးရတာလေးတွေရှိတယ်” လို့ပြောကြားခဲ့သည်။
ဆင်မကြီးမိုမိုသည် ၁၉၅၃ခုနှစ်တွင် မွေးဖွားခဲ့ပြီး အသက် ၇ နှစ်ကျော်အရွယ် ၁၉၆၁ခုနှစ် ဖေဖော်ဝါရီလတွင် ကယားပြည်နယ် လွိုင်ကော်မြို့နယ်တွင်နေသော ဦးခွန်ဆန္ဒမှ တိရစ္ဆာန်ဥယျာဉ်သို့ လှူဒါန်းခဲ့ကြောင်း၊ သူ့အားထိန်းခဲ့သော ဦးခွန်ဆန္ဒ၏ ဇနီးဖြစ်သူ နော်မိုမိုအား ဂုဏ်ပြု၍ မိုမိုဟု အမည်ပေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

















-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
