နှစ်အနည်းငယ် သက်တမ်းရှိပြီဖြစ်သော မုံရွာမြို့၊ အရှေ့ဘက်ကန်သာယာ ပတ်လမ်းများကို ထိန်းသိမ်းသည့်အနေဖြင့် မုံရွာမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပြုပြင်လျက်ရှိကြောင်း သိရသည်။
“မုံရွာမြို့နေ ပြည်သူတွေ အပန်းဖြေအနားယူဖို့နဲ့ မုံရွာမြို့ သာယာလှပရေးအတွက် အရှေ့ဘက်ကန်သာယာ ပတ်လမ်းပြုပြင်တဲ့ လုပ်ငန်းတွေဆောင်ရွက်လျက်ရှိပါတယ်” ဟု မုံရွာမြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးထွန်းထွန်းကပြောသည်။
မုံရွာမြို့အရှေ့ဘက် ကန်သာယာရေကန်သည် (၁၉၂)ဧက ကျယ်ဝန်းပြီး မုံရွာမြို့၏ အဓိကလမ်းမကြီးဖြစ်သည့် ဗိုလ်ချုပ်လမ်းနှင့်ပြည်ထောင်စု လမ်းကြားတွင် တည်ရှိသည်။
ကန်သာယာပတ်လမ်းများအနက်အရှည် (၂၅၀၀)ပေရှိတောင်ဘက်ပတ်လမ်း၊ အရှည်ပေ (၄၀၀)ရှိ အနောက်ဘက်ပတ်လမ်း နှင့် အရှည်ပေ (၉၀၀) ရှိ မြောက်ဘက်ပတ်လမ်းတို့ကို ဆောင်ရွက်ပြီးဖြစ်ကာ အရှည် (၉၇၀)ပေရှိ အရှေ့ဘက်ပတ်လမ်းကိုဆောင်ရွက်ဆဲ ဖြစ်ကြောင်းသိရသည်။
“အရှေ့ဘက်ကန်သာယာပတ်လည် တလျှောက်မှာ ပြည်သူတွေ စိတ်အေးချမ်းသာစွာနဲ့ အပန်းဖြေအနားယူနေနိုင်ပြီဖြစ်ပြီး မုံရွာမြို့ရဲ့ အထင်ကရ နေရာတစ်ခုအဖြစ် တည်ရှိနေပြီဖြစ်ပါတယ်”ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။
မုံရွာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းသာယာလှပရေးနှင့် ပြည်သူလူထု အပန်းဖြေနားနေနိုင်စေရေးအတွက် အဖွဲ့ရုံးဝန်ထမ်းများစုပေါင်း၍ မုံရွာမြို့ အရှေ့ဘက်ကန်သာယာ ကန်ပတ်လည်ရှိအလှပန်းပင်များအား အစားထိုးလဲလှယ်စိုက်ပျိုးခြင်းလုပ်ငန်းများအား ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ထို့အပြင် အနောက်ဘက်ကန်သာယာကျွန်းအတွင်း Land scaping များအတွင်း ပေါင်းသင်ခြင်း၊ အလှပန်းပင်များပုံဖော်ခြင်း၊ မြက်ဖြတ်ခြင်းလုပ်ငန်းများကိုလည်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
