စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်သည် ငှက်ဖျားရောဂါကူးစက်မှုအမြင့်ဆုံးဖြစ်ပွားသည့် ဒေသဖြစ်ပြီး အဆိုပါ ဒေသအတွက် ငှက်ဖျားရောဂါတိုက်ဖျက်ဆေးဝါးများကို ယခု နိုဝင်ဘာလ ဒုတိယပတ်အတွင်း ဆေးဝါးများဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဗန်းမောက်မြို့ရှိ HIV ၊ တီဘီနှင့် ငှက်ဖျား ရောဂါ ဖြစ်ပွားနေသည့် ဒေသခံများအတွက် ကျေးလက်ကျန်းမာရေးအဖွဲ့များက လိုအပ်သည့်ဆေးဝါးများကို ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ဗန်းမောက်မြို့ကျန်းမာရေးဆိုင်ရာ သတင်းရင်းမြစ်များထံက သိရသည်။
အဆိုပါ ဆေးဝါးဖြန့်ဝေပေးမှုအတွက် HIV ရောဂါအတွက် ART ဆေးအပါအဝင် တီဘီနှင့် ငှက်ဖျားရောဂါများအတွက် ရောဂါအလိုက်ပိုးတွေ့ရှိသူ မည်သူ့ကိုမဆို ဆေးဝါးဖြန့်ချိပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ဆေးဝါးများဖြန့်ချိရာတွင် ဒေသတွင်း လမ်းပန်း ဆက်သွယ်ရေးအခက်အခဲကြောင့် လိုအပ်သည့်ဆေးဝါး(၃) လစာကြိုတင်ပေးခြင်း၊ ကျန်းမာရေးဆရာ/ဆရာမများမှတဆင့် လစဉ်ဆေးဝါး ဖြန့်ဝေခြင်းတို့ကိုလည်း ပြုလုပ်သွားရန်စီစဉ်လျှက်ရှိကြောင်း သိရသည်။
မြန်မာပြည်အထက်ပိုင်း ၊ ဗန်းမောက်မြို့သည် ငှက်ဖျားကူးစက်မှုအမြင့်ဆုံးစာရင်းအတွင်းပါဝင်နေပြီး ၂၀၁၅ ခုနှစ် မှစတင်၍ ၂၀၁၆ ခုနှစ်အထိ ငှက်ဖျားပိုးတွေ့ရှိသူ (၃၀၀၀) ကျော် ၊ ၂၀၁၇ ခုနှစ် တွင် (၂၀၀၀) ကျော်၊ ၂၀၁၈ ခုနှစ်တွင် (၁၇၀၀) ကျော်၊ ၂၀၁၉ ခုနှစ်တွင် (၈၀၀)ကျော် ၊ ၂၀၂၀ ခုနှစ်တွင် (၆၀၀) ကျော်နှင့် ၂၀၂၁ ဇွန်လအထိ ငှက်ဖျားပိုးစစ်ဆေးကုသပေးခဲ့ရသူ (၃၀၀) ကျော်ရှိခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုအဖွဲ့၏ စာရင်းများအရ သိရသည်။
ဒေသတွင်းလမ်းပန်ဆက်သွယ်ရေးအခက်အခဲများကြောင့် ဆေးဝါးများသယ်ယူရေးအတွက် အခက်အခဲဖြစ်ပေါ်ခဲ့ရပြီး ၂၀၂၂ ခုနှစ်မှစတင်၍ ကာကွယ် ဆေးအပါအဝင် ဆေးဝါးအများစု ပြတ်တောက်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
