အာဆင်နယ်အသင်း၏ အမာခံပရိသတ်အဖွဲ့များသည် အသင်းလက်ရှိရင်ဆိုင်နေရသော အခြေအနေအတွက် အပြောင်းအလဲများပြုလုပ်ပေးရန် အသင်းပိုင်ရှင် ကရွန်ကီအား တောင်းဆိုလိုက်ကြောင်း သိရှိရသည်။
အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်ချန်ပီယံဆုနှင့် ဝေးကွာနေသည်မှာ (၁၅)နှစ်ရှိသွားပြီဖြစ်သည့်အပြင် ထိပ်ဆုံး(၄)သင်းစာရင်းမဝင်သည်မှာလည်း နောက်ဆုံး(၃)ရာသီ ဆက်တိုက်ရှိသွားခဲ့ပြီဖြစ်သည်။
ယင်းအခြေအနေတွင် အသင်းပိုင်ရှင် ကရွန်ကီအနေဖြင့် ငွေကြေးရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်းမရှိသည့်အတွက် အာဆင်နယ်ပရိသတ်များက ဒေါသထွက်နေကြခြင်းဖြစ်သည်။
ယခုနွေရာသီတွင်လည်း အပြောင်းအရွှေ့အသုံးစရိတ်ပေါင် (၄၅)သန်းသာ သတ်မှတ်ပေးထားသောကြောင့် ကစားသမားသစ်ခေါ်ယူရန် အခက်အခဲနှင့် ကြုံတွေ့နေရသည်။
ထို့ကြောင့် အာဆင်နယ်အသင်း၏ ပရိသတ်အဖွဲ့ (၁၄)ဖွဲ့ပူးပေါင်းကာ ကရွန်ကီထံ အိတ်ဖွင့်ပေးစာပေးပို့၍ တောင်းဆိုမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ယင်းကဲ့သို့ ပူးပေါင်းတောင်းဆိုခဲ့ကြသည့် ပရိသတ်အဖွဲ့များ ထဲတွင် အာဆင်နယ်အသင်း၏ အဓိကပရိသတ်အဖွဲ့တစ်ခုဖြစ်သော Trust အဖွဲ့လည်းပါဝင်သလို၊ Bloggers များ လည်းပါဝင်ကြောင်း သိရှိရသည်။
စာမျက်နှာ(၂)မျက်နှာပါရှိသည့် အဆိုပါအိတ်ဖွင့်ပေးစာကို ၎င်းတို့က ပူးပေါင်းလက်မှတ်ရေးထိုးကာ ပေးပို့ခဲ့ကြခြင်းဖြစ်ပြီး လူမှုကွန်ရက်များမှတစ်ဆင့် လှုံ့ဆော်မှုပြုလုပ်သွားရန်လည်း စီစဉ်ထားသည်။
အိတ်ဖွင့်ပေးစာထဲ၌ ''အာဆင်နယ်ပရိသတ်များသည် ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း အသင်း၏ယိုယွင်းပျက်စီးမှုများကိုသာ စောင့်ကြည့်နေခဲ့ရကြောင်း၊ အာဆင် နယ်အသင်း၏ရှယ်ယာများကို ကရွန်ကီ စတင်ဝယ်ယူချိန်က ချန်ပီယံလိဂ်ဗိုလ်လုပွဲ ယှဉ်ပြိုင်ခဲ့ရသောအသင်းသည် (၁၂)နှစ်အကြာတွင် ယူရိုပါလိဂ်ပြိုင်ပွဲကို (၃)နှစ်ဆက် ယှဉ်ပြိုင်ရတော့မည်ဖြစ်ကြောင်း၊ အာဆင်နယ်အသင်းသည် ယခုနောက်ပိုင်းနှစ်များအတွင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့သော်လည်း ကစားသမားဝယ်ယူမှုနှင့် ကစားသမားများအား လစာငွေပေးချေမှု (၂)မျိုးစလုံးတွင် စီမံခန့်ခွဲ မှုပိုင်းဆိုင်ရာ အားနည်းချက်များရှိခဲ့ကြောင်း၊ လက်ရှိအ သင်း၏အခြေအနေမှာ အပြောင်းအလဲများ ပြုလုပ်ရန် လို အပ်နေသည့် လမ်းဆုံလမ်းခွသို့ ရောက်ရှိနေပြီဟု ယူဆကြောင်း၊ ကရွန်ကီအနေဖြင့် ထိရောက်သည့်အပြောင်းအလဲများ ပြုလုပ်ပေးစေလိုကြောင်း'' ရေးသားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
