ဘာစီလိုနာအသင်းက ခေါ်ယူရန် ပစ်မှတ်ထားခြင်းခံနေရသည့် လင်ဒီလော့ဖ်က မိမိအနေဖြင့် မန်ယူအသင်းတွင် ပျော်ရွှင်နေကြောင်း ပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းက ခေါ်ယူရန် ပစ်မှတ်ထားခြင်းခံနေရသည့် လင်ဒီလော့ဖ်က မိမိအနေဖြင့် မန်ယူအသင်းတွင် ပျော်ရွှင်နေကြောင်း ပြောကြားခဲ့သည်။
စပိန်မီဒီယာများ၏ အဆိုအရ ဘာစီလိုနာအသင်းသည် အသင်း၏ ခံစစ်ကို အားဖြည့်ရန်အတွက် မန်ယူနောက်ခံလူ လင်ဒီလော့ဖ်ကို ပစ်မှတ်ထားနေကြောင်း သိရသည်။
သို့သော် ဆွီဒင်လက်ရွေးစင်လင်ဒီလော့ဖ်က မိမိအနေဖြင့် အိုးလ်ထရက်ဖို့ဒ်တွင် ပျော်ရွှင်နေပြီး ရာသီသစ်အတွက် စိတ်လှုပ်ရှားနေကြောင်း ပြောကြားခဲ့သည်။
လင်ဒီလော့ဖ်က '' မန်ယူကစားသမားတစ်ဦး ဖြစ်ခွင့်ရတဲ့အတွက် ကျွန်တော်အရမ်းပျော်နေပါတယ်။ အခုအချိန်မှာ ကျွန်တော့်အနေနဲ့ ရာသီသစ်မှာ ခြေစွမ်းပြနိုင်ဖို့ မျှော်လင့်နေပြီး အဲဒီအတွက် စိတ်လှုပ်ရှားနေပါတယ်။ အပြောင်းအရွှေ့သတင်းတွေနဲ့ ပတ်သက်ပြီး ပြောချင်တာကတော့ မန်ယူအသင်းမှာ ကျွန်တော်ပျော်နေတယ်ဆိုတာပါပဲ။ ပြီးခဲ့တဲ့ရာသီဟာ ကျွန်တော့်အတွက် ရာသီကောင်းတစ်ခုဖြစ်ခဲ့ပါတယ်။ အခုအချိန်မှာ ပရိသတ်တွေက မန်ယူအသင်းရဲ့အကောင်းဆုံး နောက်ခံလူအဖြစ် ချီးကျူးနေကြတဲ့အတွက်လည်း ကျွန်တော်ကျေးဇူးတင်ပါတယ်" ဟုပြောကြားခဲ့သည်။
လင်ဒီလော့ဖ်သည် ၂၀၁၇ ခုနှစ်က ဘင်ဖီကာအသင်းမှ မန်ယူအသင်းသို့ ပေါင် (၃၅)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီက အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ (၄၀)ကစားကာ (၁)ဂိုးသွင်းယူပေးခဲ့သည်။
ထို့ပြင် လင်ဒီလော့ဖ်က မိမိအနေဖြင့် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် မန်ယူအသင်းသို့ ရောက်ရှိလာသည့် ကစားသမားသစ်များကိုလည်း ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
