ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ယူရို-၂၀၂၀ ပြိုင်ပွဲအတွက် ပရိသတ်များ၏ လက်မှတ်မှာယူမှုမှာ (၁၉.၃) သန်းရှိခဲ့ပြီး သမိုင်းတစ်လျှောက် စံချိန်တင်အရေအတွက်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ဥရောပဘောလုံးအဖွဲ့ချုပ်သည် ယူရို-၂၀၂၀ ပြိုင်ပွဲအတွက် လက်မှတ်များကို ပထမအသုတ်အဖြစ် ဇွန်လ(၁၂)ရက် နေ့မှ ဇူလိုင်လ (၁၂)ရက်နေ့အထိ တစ်လကြာရောင်းချခဲ့ခြင်း ဖြစ်ပြီး လက်မှတ်စောင်ရေ (၁.၅)သန်းရောင်းချသွားရန် လျာ ထားခဲ့သည်။
သို့သော် ကြိုတင်မှာယူသည့် လက်မှတ်အရေအတွက်မှာ မျှော်မှန်းထားသည်ထက် ပိုမိုများပြားနေခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ယူရို-၂၀၁၆ ပြိုင်ပွဲတွင် ယခုကဲ့သို့ ပထမအသုတ်ကြိုတင်ရောင်းချချိန်က လက်မှတ်မှာယူမှု (၁၁)သန်းဖြင့် စံချိန်တင်ခဲ့ပြီး ယခုယင်းစံချိန်ကို ထပ်မံချိုးဖျက်နိုင်ခဲ့ခြင်း လည်းဖြစ်သည်။
ဥရောပဘောလုံးအဖွဲ့ချုပ်သည် ယူရို-၂၀၂၀ ပြိုင်ပွဲကို အဖွဲ့ချုပ်တည်ထောင်မှု နှစ်(၆၀)ပြည့်အထိမ်းအမှတ်အဖြစ် ထူးထူးခြားခြားကျင်းပသွားရန် စီစဉ်ထားပြီး ဥရောပနိုင်ငံပေါင်း (၁၂)နိုင်ငံမှ မြို့(၁၂)မြို့တွင် ဖြန့်ကျက်ကျင်းပသွားမည်ဖြစ်သည်။
ဆီမီးဖိုင်နယ်(၂)ပွဲနှင့် နောက်ဆုံးဗိုလ်လုပွဲကို အင်္ဂလန်နိုင်ငံမှ ဝင်ဘလေကွင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး ဗိုလ်လုပွဲအတွက် လက်မှတ်မှာယူမှုပင် (၁.၉)သန်း ရှိခဲ့ကြောင်းလည်း သိရှိရသည်။
သို့သော် ယခုပထမအသုတ်လက်မှတ်မှာယူသူများကို ဗိုလ်လုပွဲလက်မှတ် (၄၃၅၀၀)ဝန်းကျင်သာ ရောင်းချပေးသွားရန် စီစဉ်ထားသောကြောင့် လက်မှတ်မှာယူသူ (၄၄)ဦးလျှင် (၁)ဦးနှုန်းသာ ဗိုလ်လုပွဲလက်မှတ်ရရှိမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
ဒုတိယအသုတ်လက်မှတ်ရောင်းချမှုကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းအချိန်တွင် အုပ်စုမဲခွဲပွဲ ပြုလုပ်ပြီးပြီဖြစ်သောကြောင့် ပရိသတ်များအနေဖြင့် အားပေးကြည့်ရှုလိုသည့်ပွဲစဉ်ကို ရွေးချယ်ဝယ်ယူခွင့်ရရှိမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
