ရီးယဲလ်မက်ဒရစ်တောင်ပံကစားသမား ဂါရတ်ဘေးလ်၏ အေးဂျင့်ဖြစ်သူ ဘားနတ်က ဘေးလ်အနေဖြင့် စပါးအသင်းသို့ ပြန်လည်ပြောင်းရွှေ့မည်ဆိုသည့် သတင်းများမှာ ဟုတ်မှန်ခြင်းမရှိကြောင်း ငြင်းဆန်ခဲ့သည်။
ရီးယဲလ်မက်ဒရစ်တောင်ပံကစားသမား ဂါရတ်ဘေးလ်၏ အေးဂျင့်ဖြစ်သူ ဘားနတ်က ဘေးလ်အနေဖြင့် စပါးအသင်းသို့ ပြန်လည်ပြောင်းရွှေ့မည်ဆိုသည့် သတင်းများမှာ ဟုတ်မှန်ခြင်းမရှိကြောင်း ငြင်းဆန်ခဲ့သည်။
အသက် (၃၀)နှစ်အရွယ်ရှိ ဝေးလ်စ်တောင်ပံကစားသမား ဂါရတ်ဘေးလ်သည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ရီးယဲလ်မက်ဒရစ်အသင်းရောင်းချလိုသည့် ကစားသမားစာရင်းတွင် ပါဝင်နေသူဖြစ်သည်။
ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းကိုယ်တိုင်က ဂါရတ်ဘေးလ်ကို အသင်း၏အနာဂတ်အစီအစဉ်များတွင် ပါဝင်ခြင်းမရှိတော့ဟု ပြောဆိုထားကြောင်း စပိန်မီဒီယာများက ဖော်ပြနေကြသော်လည်း ဂါရတ်ဘေးလ်ကမူ အသင်းမှထွက်ခွာရန် ဆန္ဒမရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
လက်ရှိတွင် ဘေးလ်အားခေါ်ယူရန် အသင်းဟောင်း စပါးအသင်းက ယူရိုသန်း (၆၀)ဖြင့် ကမ်းလှမ်းရန် စီစဉ်နေသည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။
ဘေးလ်၏အေးဂျင့်ဖြစ်သူ ဘားနတ်ကမူ ယင်းသတင်းများမှာ ဟုတ်မှန်ခြင်းမရှိကြောင်း လန်ဒန်အခြေစိုက် talkSPORT ရေဒီယိုနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
ဘားနတ်က '' ဘေးလ်ကို စပါးအသင်းက ပြန်လည်ခေါ်ယူဖို့ ကြိုးစားနေတယ်ဆိုတာ မဟုတ်ပါဘူး။ ကျွန်တော့်အနေနဲ့ ဒီလိုအခြေအမြစ်မရှိတဲ့ သတင်းတွေအပေါ် မှတ်ချက်တောင် မပေးချင်ပါဘူး'' ဟုပြောကြားခဲ့သည်။
ဂါရတ်ဘေးလ်သည် စပါးအသင်းတွင် ၂၀၀၇ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ (၆)ရာသီကြာကစားခဲ့ပြီး ၂၀၁၃ ခုနှစ်စက်တင်ဘာလတွင် ရီးယဲလ်မက်ဒရစ်အသင်းသို့ ယူရို (၉၁)သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
