ကင်မရွန်းဘောလုံးအဖွဲ့ချုပ်သည် အသင်းနည်းပြ ဆီးဒေါ့ဖ်နှင့် လက်ထောက်နည်းပြ ကလွိုက်ဗတ်တို့အား ရာထူးမှထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း ဇူလိုင်လ (၁၆) ရက်နေ့က အတည်ပြုထုတ်ပြန်ခဲ့သည်။
ကင်မရွန်းဘောလုံးအဖွဲ့ချုပ်သည် အသင်းနည်းပြ ဆီးဒေါ့ဖ်နှင့် လက်ထောက်နည်းပြ ကလွိုက်ဗတ်တို့အား ရာထူးမှထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း ဇူလိုင်လ (၁၆) ရက်နေ့က အတည်ပြုထုတ်ပြန်ခဲ့သည်။
ကင်မရွန်းအသင်းသည် ၂၀၁၉ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲတွင် လက်ရှိချန်ပီယံအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးထွက် (၁၆) သင်းအဆင့်၌ နိုင်ဂျီးရီးယားအသင်းကို (၂-၃) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ထွက်ခွာခဲ့ရသည်။
ထို့ကြောင့် ကင်မရွန်းဘောလုံးအဖွဲ့ချုပ်သည် နည်းပြ ဆီးဒေါ့ဖ်နှင့် လက်ထောက်နည်းပြ ကလွိုက်ဗတ်တို့အား ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။
ဆီးဒေါ့ဖ်သည် ၂၀၁၈ ခုနှစ်၊ သြဂုတ်လတွင် ကင်မရွန်းလက်ရွေးစင်အသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး ပြိုင်ပွဲအသွင် (၉) ပွဲ ယှဉ်ပြိုင်ရာတွင် (၃) ပွဲသာ အနိုင်ရခဲ့ကြောင်း သိရသည်။
အသက် (၄၃) နှစ်အရွယ်ရှိ နယ်သာလန်ကစားသမားဟောင်း ဆီဒေါ့ဖ်သည် ကစားသမားဘဝတွင် အောင်မြင်မှုများရရှိခဲ့သော်လည်း နည်းပြဘဝတွင် စီးရီးအေကလပ် အေစီမီလန်၊ တရုတ်ကလပ် ချန်ကျန်အသင်းတို့ကို ကိုင်တွယ်ခဲ့ရာတွင် ကျရှုံးခဲ့သလို၊ စပိန်ကလပ် ဒီပို့တီဗိုအသင်းကို ကိုင်တွယ်ရာတွင်လည်း ဒီပို့တီဗိုအသင်းမှာ လာလီဂါပြိုင်ပွဲမှ တန်းဆင်းခဲ့ရသည်။
ကင်မရွန်းနိုင်ငံသည် ၂၀၂၁ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်ဖြစ်ပြီး လက်ရှိတွင် ကင်မရွန်းဘောလုံးအဖွဲ့ချုပ်သည် နည်းပြသစ်တစ်ဦးကို ရှာဖွေလျက်ရှိကြောင်း AFP သတင်းဌာနက ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
