မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းတိုက်စစ်မှူး ရွန်နီက မိမိအနေဖြင့် ကလော့ပ်ကိုလေးစားသော်လည်း အသင်းဟောင်း မန်ယူအသင်း၏ မဟာပြိုင်ဘက် လီဗာပူးလ်အသင်းကို ကိုင်တွယ်နည်းပြနေခြင်းမှာ ကလော့ပ်၏ တစ်ခုတည်းသော အမှားဖြစ်သည်ဟု ပြောကြားခဲ့သည်။
မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းတိုက်စစ်မှူး ရွန်နီက မိမိအနေဖြင့် ကလော့ပ်ကိုလေးစားသော်လည်း အသင်းဟောင်း မန်ယူအသင်း၏ မဟာပြိုင်ဘက် လီဗာပူးလ်အသင်းကို ကိုင်တွယ်နည်းပြနေခြင်းမှာ ကလော့ပ်၏ တစ်ခုတည်းသော အမှားဖြစ်သည်ဟု ပြောကြားခဲ့သည်။
အင်္ဂလန်လက်ရွေးစင်ဟောင်း ရွန်နီသည် လီဗာပူးလ်အသင်း၏ ပရီးမီးယားလိဂ်ပြိုင်ဘက်များဖြစ်သည့် အဲဗာတန်နှင့် မန်ယူအသင်းတို့တွင် ကစားခဲ့သူဖြစ်သော်လည်း လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်ကို ချီးကျူးပြောဆိုခဲ့ခြင်းဖြစ်သည်။
ရွန်နီက လီဗာပူးလ်နည်းပြကလော့ပ်မှာ ကစားသမားတိုင်းလက်တွဲချင်သည့် နည်းပြတစ်ဦးဖြစ်ကြောင်း ဂျာမန်အားကစားမဂ္ဂဇင်း Sport Bild နှင့်တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
ရွန်နီက ''ယာဂန်ကလော့ပ်ဟာ ကစားသမားတိုင်းသူ့လက်အောက်မှာ ကစားချင်တဲ့ နည်းပြမျိုးဖြစ်ပါတယ်။ အခုသူ့လက်အောက်မှာ ကစားနေကြတဲ့ ကစားသမားတွေ ဘယ်လောက်ထိပျော်နေကြလဲဆိုတာ အားလုံးမြင်တဲ့အတိုင်းပါပဲ။ ကျွန်တော် ကလော့ပ်နဲ့ တစ်ကြိမ်ဆုံဖူးပါတယ်။ သူက တကယ်ကောင်းတဲ့လူပုဂ္ဂိုလ်တစ်ဦးပါ။ ကလော့ပ်ရဲ့တစ်ခုတည်းသော အမှားကတော့ လီဗာပူးလ်အသင်းကို ကိုင်တွယ်နည်းပြခဲ့တာဖြစ်ပြီး အဲဒီအသင်းနဲ့အတူ အောင်မြင်နေတာပါပဲ။ ကလော့ပ်အပေါ် ကျွန်တော့်အနေနဲ့ လေးစားမှုအပြည့်ရှိပါတယ်။ ကလော့ပ်ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ကျွန်တော်လေးစားပါတယ်။ သူ့အနေနဲ့ နောက်ထပ်လည်း အောင်မြင်မှုတွေ ရရှိဦးမှာပါ" ဟုပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့် ၂၀၁၈-၁၉ ဘောလုံးရာသီက ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့ပြီး၊ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်မူ ချန်ပီယံဆု ရယူနိုင်ခဲ့သည့် မန်စီးတီးအသင်း(၉၈ မှတ်)နောက် ဒုတိယသာ ရရှိခဲ့သော်လည်း (၉၇) မှတ် ရယူနိုင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
