စပိန်နိုင်ငံအရှေ့ပိုင်း ဗလင်စီယာမြို့ဝန်း ကျင်တွင် ရေကြီးရေလျှံမှုများဖြစ်ပွားနေသော်လည်း ယခုတစ်ပတ်ပွဲစဉ်အားလုံး မရွှေ့ဆိုင်းခြင်းအတွက် လာလီဂါကလပ်အသင်းနည်းပြများက ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၂၈ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဗလင်စီယာဒေသတွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီး တံတားများကျိုးခြင်း၊ ရွှံ့နွံများဖုံးလွှမ်းခြင်း၊ အစားအစာ၊ ရေနှင့် လျှပ်စစ်မီးပြတ်တောက်ခြင်းများ ဖြစ်ပေါ်လျက်ရှိသလို အနည်းဆုံး ၂၁၅ ဦး သေဆုံးခဲ့ရသည်။ ထို့ကြောင့် ယခုတစ်ပတ် လာလီဂါပွဲစဉ်များအနက် ဗီလာရီးယဲလ်-ဗယ်လက်ကာနို၊ ဗလင်စီယာ-ရီးယဲလ်မက်ဒရစ် ပွဲစဉ်နှစ်ပွဲအပါအဝင် ဆီဂန်ဒါနှင့် အမျိုးသမီး လိဂ်ပွဲစဉ်အချို့ကို ရွှေ့ဆိုင်းထားပြီး ကျန်ပွဲစဉ်များကိုမူ ပုံမှန်အတိုင်း ယှဉ်ပြိုင်ကစားခဲ့သည်။
သို့ဖြစ်ရာ အက်သလက်တီကိုအသင်းနည်းပြ ဒီယေဂိုဆီမြွန်နီက "ဒါက အဓိပ္ပာယ် မရှိပါဘူး။ အခုဖြစ်နေတာတွေက အရမ်းခက်ခဲပါတယ်။ လူတွေက ဂေါ်ပြားတွေ၊ သူတို့ရဲ့ ကိရိယာတွေနဲ့ ကူညီဖို့အတွက် လမ်းပေါ်ထွက်လာကြတယ်။ ဒါက ဒီနိုင်ငံအတွက် ပြည်သူတွေကပြောတဲ့ အရမ်းကောင်းတဲ့ စကားပါပဲ။ ကျွန်တော်တို့လည်း တတ်နိုင်သလောက် ကူညီချင်ပါတယ်။ အဲဒီနေရာက လူတွေဆီမှာ အရမ်းဆိုးတဲ့အချိန်တွေရှိပါတယ်။ အဲဒါက အရမ်းဝမ်းနည်းစရာကောင်းပြီး ရှေ့ဆက်သွားဖို့ သူတို့က ကျွန်တော်တို့ကို ပြောပါတယ်။ ကျွန်တော်တို့ ဒီမှာရှိပါတယ်။ ရှေ့ဆက်သွားကြရအောင်" ဟု ပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်ခ်ကလည်း "ကျွန်တော်သာဆိုရင် အားကစားပွဲအားလုံး ရပ်ဆိုင်းထားမှာပါ။ ဘာလို့လဲဆိုတော့ ဒါက ဗလင်စီယာနဲ့ စပိန်တစ်နိုင်ငံလုံးအတွက် မယုံနိုင်လောက်တဲ့ ကြေကွဲစရာ ဖြစ်ရပ်မို့ပါ။ အဲဒီဒေသကလာတဲ့ ဖယ်ရန် တောရက်စ်နဲ့ ကျွန်တော်တို့ စကားပြောဖြစ်ပါတယ်။ သူ့ကို ပွဲကစားဖို့သင့်၊ မသင့် ဆုံးဖြတ်ရတာ မလွယ်ပါဘူး။ လွန်ခဲ့တဲ့သုံးနှစ်က ဂျာမနီမှာလည်း ဒီလိုဖြစ်ဖူးပါတယ်။ ကျွန်တော်တို့ တတ်နိုင်သမျှ ကူညီသွားမှာပါ။ ကျန်တာကိုတော့ လာလီဂါကပဲ ဆုံးဖြတ်မှာပါ" ဟု ဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
