မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ သည် ပရီးမီးယားလိဂ်ရှုံးပွဲမရှိစံချိန် ရပ်တန့်ခဲ့ရခြင်းအတွက် ဒဏ်ရာပြဿနာများကို အပြစ်တင်ခဲ့ကြောင်း သိရသည်။
မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ် ပွဲစဉ် (၁၀) အဖြစ် အောက်တိုဘာ ၂ ရက်က ဘုန်းမောက်အသင်းနှင့် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရာ (၂-၁) ဂိုးဖြင့် ရှုံးနိမ့်ပြီး ရှုံးပွဲမရှိစံချိန် ရပ်တန့်ခဲ့ရသည်။ မန်စီးတီး အသင်းသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာမှ ပြီးခဲ့ သည့်တစ်ပတ် ဆောက်သမ်တန်အသင်းနှင့်ပွဲအထိ ပရီးမီးယားလိဂ်ပွဲစဉ် ၃၂ ပွဲဆက်တိုက် ရှုံးပွဲမရှိကစားထားပြီး အသင်းသမိုင်းတစ်လျှောက် စံချိန်တင်ထားသလို ပြိုင်ပွဲသမိုင်းတွင်လည်း အာဆင်နယ် (၄၉ ပွဲ)၊ လီဗာပူးလ် (၄၄ ပွဲ)၊ ချယ်လ်ဆီး (၄၀ ပွဲ) တို့ပြီးလျှင် စတုတ္ထနေရာ၌ ရပ်တည်လျက်ရှိသည်။
သို့သော် ဘုန်းမောက်အသင်းနှင့်ပွဲ အတွက် စီနီယာကစားသမား ၁၁ ဦးသာရှိ သဖြင့် ကြံ့ခိုင်မှုမပြည့်ဝသည့် ခံစစ်အတွင်းလူ အကန်ဂျီနှင့် အကီတို့ကို ပွဲထွက်အဖြစ် ကစား စေခဲ့ရသည်။ ထို့ပြင် ဒဏ်ရာပြဿနာကြောင့် သုံးပတ်ကြာအနားယူခဲ့ရသည့် အသင်းခေါင်းဆောင် ညာနောက်ခံလူ ဝေါ်လ်ကာမှာ ခြောက်မိနစ်သာ လေ့ကျင့်မှုပြုလုပ်ထားနိုင်သော်လည်း ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ရသည်။
သို့ဖြစ်ရာ ဂွါဒီယိုလာက "ဘယ်လိုဖြစ်သွားတာလဲ ကျွန်တော်မသိပါဘူး။ ဒီကစားသမားတွေသာ ဒဏ်ရာမရှိဘူးဆိုရင် ကျွန်တော်တို့အနိုင်ရမလားဆိုတာ ဘယ်သူမှမသိပါဘူး။ သူတို့တွေက အစွမ်းကုန်ပေးဆပ်ခဲ့တာပါ။ ဒါပေမဲ့ ဒီအခိုက်အတန့်မှာ အဲဒီအသင်းနဲ့ ယှဉ်ပြိုင်ဖို့ မလုံလောက်ခဲ့ပါဘူး။ သူတို့ ပေါက်ကွဲအားကို ကျွန်တော်တို့မယှဉ်နိုင်ခဲ့ဘူး။ အဝေးဘောအခြေအနေအားလုံးမှာ ကျွန်တော်တို့ အနိုင်မရခဲ့ဘူး။ ဆီမန်ယိုနဲ့ တခြားသူတွေဆီ အဲဒီလိုဘောလုံးတွေရောက်သွားတဲ့အခါ ကျွန်တော်တို့မယှဉ်နိုင်ခဲ့ဘူး။ ကျွန်တော်တို့ရဲ့ ခံစစ်အတွင်းလူတွေနဲ့ တိုက်စစ်မှူးတွေက ကာကွယ်မှုတွေ ပိုပြီးလုပ်ရပါမယ်။ ကျွန်တော်တို့ဆီမှာ ဟန်ချက်ညီနေတဲ့ကစားသမားတွေ ရှိသလို ဟန်ချက်အားလျော့တဲ့ တခြားကစားသမားတွေလည်း ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒဏ်ရာတွေကြောင့် ကျွန်တော်တို့ လေ့ကျင့်မှုမလုပ်နိုင်လို့ပါ။ အဲဒါကို ကျွန်တော်တို့ သိပါတယ်" ဟု ပြောကြားခဲ့သည်။
ဒဏ်ရာသက်သာလာပြီဖြစ်သည့် ကွင်း လယ်လူ ဒီဘရိုင်းနားမှာ အရန်စာရင်းတွင် ပြန်လည်ပါဝင်လာပြီဖြစ်သော်လည်း ခံစစ်အတွင်းလူ ဒီယက်စ်နှင့် ဂျွန်စတုန်းမှာမူ အချိန်အနည်းငယ်ကြာ အနားယူရမည်ဟု ဂွါဒီယိုလာက အတည်ပြုပြောကြားခဲ့သောကြောင့် ၎င်းတို့နှစ်ဦးမှာ စပို့တင်းလစ္စဘွန်းအသင်းနှင့် ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်မည်ဖြစ်သည်။
"မန်နူရယ် (အကန်ဂျီ) က စပါးနဲ့ပွဲမှာ မကစားနိုင်ခဲ့ဘူး။ နာသန် (အကီ) ကလည်း အကောင်းဆုံးပုံစံမရနေဘူး။ ဒါပေမဲ့ ကျွန် တော်တို့မှာ တခြားရွေးချယ်စရာမရှိပါဘူး။ ဂျွန် (စတုန်း) နဲ့ ရူဘင် (ဒီယက်စ်) က အချိန် အနည်းငယ်လောက် ကစားနိုင်မှာမဟုတ်ဘူး" ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
