မူဒရစ် ခြေစွမ်းပြနိုင်မည်ဟု ယုံကြည်ကြောင်း ချယ်လ်ဆီးနည်းပြ ပိုချက်တီနို ပြောကြား
24htopnews | November 4, 2024 5:12 AM CST
ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုက မိမိအနေဖြင့် အသင်းတောင်ပံတိုက်စစ်ကစားသမား မူဒရစ် ခြေစွမ်းပြနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
ယူကရိန်းလက်ရွေးစင်ကစားသမား မူဒရစ် (၂၂ နှစ်)သည် ၂၀၂၃ ဇန်နဝါရီတွင် ရှက်တာဒိုးနက်အသင်းမှ ချယ်လ်ဆီးအသင်းသို့ Add-ons ကြေးများ အပါအဝင် ပေါင် (၈၉)သန်းဖြင့် ရောက်ရှိလာသည်။
သို့သော် ၎င်းသည် ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံ (၁၇)ပွဲကစားရာတွင် တစ်ဂိုးမှ သွင်းယူနိုင်ခြင်းမရှိသေးပေ။
သို့သော် ပိုချက်တီနိုက ''မူဒရစ်က ပါရမီရှင်လူငယ်ကစားသမားဖြစ်ပြီး လေ့ကျင့်မှုတိုင်းမှာလည်း ကြိုးစားလေ့ရှိတယ်။ သူက ချယ်လ်ဆီးမှာ အထိုင်ကျဖို့ အချိန်လိုအပ်နေတာဖြစ်ပြီး သူ့ရဲ့အရည်အသွေးအပေါ် ကျွန်တော် သံသယမရှိပါဘူး''ဟု ပြောကြားခဲ့သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
