ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ ပွဲတွင် ရှစ်ပွဲ အနိုင်ရထားသည့် အာနယ်ဆလော့သည် လီဗာပူးလ်အသင်းသမိုင်းတစ်လျှောက် ရလဒ်အကောင်းဆုံးနည်းပြသစ်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
လီဗာပူးလ်အသင်းသည် နိုဝင်ဘာ ၂ ရက်က ယှဉ်ပြိုင်ကစားသည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် ဘရိုက်တန်အသင်းအား အိမ်ကွင်း ၌ (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။ လီဗာပူးလ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၁၀) အပြီးတွင် ရှစ်ပွဲ အထိ အနိုင်ရကာ တစ်ပွဲသရေ၊ တစ်ပွဲသာ ရှုံးနိမ့်ထားသည်။ ယင်းရလဒ်မှာ လီဗာပူးလ်အသင်း နည်းပြသစ်များအနက် ပထမဆုံးကိုင်တွယ်ရသည့် ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ ပွဲတွင် ရလဒ်အကောင်းဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် လီဗာပူးလ်အသင်း သည် ပြိုင်ပွဲစုံ ၁၅ ပွဲယှဉ်ပြိုင်ကစားထားရာတွင်လည်း ၁၃ ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး ရလဒ် ရရှိထားသည်။
"အဲဒီရလဒ်တွေ (မန်စီးတီးနှင့် အာဆင်နယ်အသင်း၏ ရှုံးနိမ့်မှု) ကြောင့် မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီခံစားချက်က ထူးခြားပါတယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့တစ်ပတ်မှာ အာဆင်နယ်နဲ့ ကျွန်တော်တို့ရင်ဆိုင်ခဲ့ရပြီး သူတို့က အရမ်းခက်ခဲတဲ့အသင်းပါ။ ဒီနေ့မှာလည်း ဘောလုံးနဲ့ပတ်သက်တဲ့ အတွေးအမြင်၊ တူညီတဲ့ အရည်အသွေးရှိတဲ့အသင်းနဲ့ ကျွန်တော်တို့ ရင်ဆိုင်ခဲ့ရတာပါ။ နှစ်ပွဲစလုံး (လိဂ်ဖလား နှင့် ပရီးမီးယားလိဂ်) မှာ ဒီရလဒ်ရရှိဖို့ ကျွန် တော်တို့ နောက်ကလိုက်ကစားခဲ့ရတယ်။ ဒါက ကျွန်တော့်ရဲ့တစ်နေ့တာပါပဲ။ တခြားပွဲတွေရဲ့ ရလဒ်တွေက အများကြီးမဟုတ်ပါဘူး"ဟု အာနယ်ဆလော့က ပြောကြားခဲ့သည်။
ယင်းပွဲတွင် အနိုင်ဂိုးကို လှပစွာသွင်းယူ ပေးခဲ့သူ ဆာလာမှာ ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ ပွဲတွင် ခုနစ်ဂိုးသွင်းယူပြီး ဂိုး ဖန်တီးမှု ငါးကြိမ်ပြုလုပ်ထားနိုင်ပြီဖြစ်သည်။ ထို့ပြင် ဆာလာသည် ပရီးမီးယားလိဂ်တွင် ၂၇၃ ပွဲကစား၊ ၁၆၄ ဂိုး (ချယ်လ်ဆီးအတွက် ၁၃ ပွဲ၊ နှစ်ဂိုး၊ လီဗာပူးလ်အတွက် ၂၆၀ ပွဲ၊ ၁၆၂ ဂိုး) သွင်းယူထားပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးအများဆုံးကစားသမားစာရင်းတွင် လီဗာပူးလ်အသင်းတိုက်စစ်မှူးဟောင်း ရော်ဘီဖောင်လာ (၃၇၉ ပွဲ၊ ၁၆၃ ဂိုး) ကို ကျော်၍ အဆင့် ၈ နေရာ၌ သီးသန့်ရပ်တည်နိုင်ပြီဖြစ်သည်။
အနိုင်ဂိုးသွင်းယူခဲ့သူ ဆာလာနှင့်ပတ်သက်၍ ဆလော့က "ဒုတိယဂိုးက မိုဆာလာရဲ့ ထူးခြားတဲ့ဂိုးတစ်ဂိုးပါ။ အဲဒီအနေအထားမျိုးနဲ့ ဂိုးသွင်းတာက သူ့အတွက် ပထမဆုံးအကြိမ်မဟုတ်သလို နောက်ဆုံးအကြိမ်လည်း မဟုတ်ပါဘူး" ဟု ချီးကျူးပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
