ပရီးမီးယားလိဂ်ပွဲစဉ် (၂၃) တနင်္ဂနွေညရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဟတ်ဒါဖီးလ် - မန်စီးတီးပွဲစဉ်မှာတော့ မန်စီးတီးအသင်းက အဝေးကွင်းမှာ (၃-၀) ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူပြီး ဇယားထိပ်ဆုံးက လီဗာပူးလ်အသင်းကို (၄) မှတ်အကွာနဲ့ ဆက်လက်ဖိအားပေးခဲ့ပါတယ်။
စနေညပွဲစဉ်မှာ လီဗာပူးလ်အသင်း အနိုင်ရခဲ့တာကြောင့် မန်စီးတီးအသင်းအနေနဲ့ အဝေးကွင်းပွဲစဉ်မှာ အမှားအယွင်းမရှိဖို့ သတိထားပြင်ဆင်လာခဲ့ပြီး အဂွဲရိုး၊ ဆာနေး၊ စတာလင်၊ ဒီဘရိုင်းနား၊ ဖာနန်ဒင်ဟိုတို့နဲ့ လူစုံခဲ့ပါတယ်။
အမှတ်ပေးဇယားအောက်ဆုံးက ဟတ်ဒါဖီးလ်အသင်းကလည်း တန်းဆင်းဇုန်ကရုန်းထွက်ဖို့အတွက် အိမ်ကွင်းမှာရမှတ်ရရေး ကြိုးစားခဲ့ပေမယ့် မန်စီးတီးအသင်းရဲ့ကစားအားကို တောင့်ခံနိုင်ခဲ့ခြင်းမရှိတာကြောင့် ဂိုးပြတ်ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
ပွဲစကတည်းက မန်စီးတီးအသင်းဖိဖိစီးစီးကစားခဲ့ပြီး ပွဲချိန် (၁၈) မိနစ်မှာပဲ အဖွင့်ဂိုးကိုရရှိခဲ့ပါတယ်။
ဒီဂိုးကိုတော့ နောက်ခံလူ (၂) ဦးဖြစ်တဲ့ ဝေါ်လ်ကာရဲ့ပေးပို့မှုကနေ ဒန်နီလိုကသွင်းယူခဲ့တာပါ။
ဒုတိယပိုင်းမှာတော့ မန်စီးတီးအသင်း အနိုင်ဂိုးတွေထပ်ရဖို့ ပိုမိုဖိအားပေးခဲ့ပြီး ပွဲချိန် (၅၄) မိနစ်မှာ ဆာနေးရဲ့ပေးပို့မှုကနေ စတာလင်က ဒုတိယဂိုးကိုသွင်းယူပေးခဲ့ပါတယ်။
(၂) မိနစ်အကြာပွဲချိန် (၅၆) မိနစ်မှာပဲ မန်စီးတီးအသင်း တတိယဂိုးရရှိခဲ့ပြီး အဂွဲရိုးရဲ့ပေးပို့မှုကနေ ဆာနေးက သွင်းယူပေးခဲ့တာပါ။
ဒီပွဲမှာ ဂိုးဖန်တီးမှုနဲ့ ဂိုးသွင်းယူမှုကို ပြုလုပ်နိုင်ခဲ့တဲ့ ဆာနေးဟာ ပြီးခဲ့တဲ့ ရာသီကစရေတွက်မယ်ဆို ယင်းစွမ်းဆောင်ရည်ကို (၈) ပွဲမြောက်ရရှိခဲ့တာဖြစ်ပြီး၊ အသင်းဖော်အဂွဲရိုး (၅) ပွဲထက် (၃) ပွဲအသာရခဲ့ပါတယ်။
လက်ကျန်မိနစ်မှာတော့ ဟတ်ဒါဖီးလ်အသင်း ချေပဂိုးအတွက် ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့သလို၊ မန်စီးတီးအသင်းကလည်း ဂိုးထပ်မသွင်းနိုင်ခဲ့တာကြောင့် ပွဲအပြီးမှာတော့ မန်စီးတီးအသင်းကပဲ (၃-၀) ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံး(၄)ပွဲဆက် နိုင်ပွဲရယူနိုင်ခဲ့ပြီး ထိပ်ဆုံးက လီဗာပူးလ်ကို (၄)မှတ်အကွာနဲ့ ဖိအားပေးနေဆဲပါ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
