မန်ယူအသင်းကွင်းလယ်လူ ပေါ့ဘာက ၄င်းအနေဖြင့် မြို့ခံပြိုင်ဘက်မန်စီးတီးအသင်းကွင်းလယ်လူ ဒီဘရိုင်းနား၊ ရီးယဲလ်မက်ဒရစ်ကွင်းလယ်လူများဖြစ်သည့် မိုဒရစ်နှင့် ကရို့စ်တို့ကို ကြည့်ကာ သင်ယူလေ့ရှိကြောင်း ဝန်ခံပြောကြားခဲ့သည်။
အသက် (၂၅) နှစ်အရွယ်ရှိ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာသည် ဘောလုံးပွဲများ ကြည့်ရှုရသည်ကို နှစ်သက်ကြောင်းနှင့် ငယ်စဉ်ကလည်း ပေါလ်စခိုးလ်၊ ကာရစ်၊ ဇာဗီ၊ အင်နီယေစတာတို့၏ ကစားပုံများကိုကြည့်ကာသင်ယူမှုများ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ပေါ့ဘာက '' ဘောလုံးကို ကျွန်တော်ချစ်တယ်။ ဘောလုံးပွဲတွေကြည့်ရတာကိုလည်း ကျွန်တော်ကြိုက်ပါတယ်။ ဒါကို ပရိသတ်တွေ အံ့သြကောင်း အံ့သြကြပါလိမ့်မယ်။ ကျွန်တော်ငယ်ငယ်တုန်းက တိုက်စစ်မှူးတွေကို အဓိကထားပြီး ကြည့်ခဲ့တယ်။ အခုတော့ ကျွန်တော်ဟာ ကွင်းလယ်လူတွေရဲ့ ကစားပုံတွေကို လေ့လာလေ့ရှိပါတယ်။ ယာယာတိုရေး၊ ဇာဗီ၊ အင်နီယေစတာ၊ ပေါလ်စခိုးလ်၊ ကာရစ်တို့ဆီကနေ ကျွန်တော် သင်ယူမှုတွေ အများကြီးပြုလုပ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ကျွန်တော်ဟာ ဒီဘရိုင်းနား၊ တိုနီကရို့စ်၊ မိုဒရစ်တို့ ကစားတာတွေကို ကြည့်လေ့ရှိပါတယ်။ သူတို့ကစားတာကို ကျွန်တော်နှစ်သက်ပါတယ်။ ဒါကြောင့် သူတို့ဆီကနေ ကျွန်တော် သင်ယူလေ့ရှိပါတယ်။ အဲဒါက ကျွန်တော့်ကို ပိုကောင်းတဲ့ကစားသမားတစ်ဦးဖြစ်လာစေပါတယ်'' ဟုပြောကြားခဲ့သည်။
ပေါ့ဘာသည် မော်ရင်ဟိုလက်ထက်တွင် မန်ယူအသင်း၌ ပုံမှန်နေရာရရန် ရုန်းကန်ခဲ့ရသော်လည်း ယာယီနည်းပြ ဆိုးလ်ရှားလက်ထက်တွင် ခြေစွမ်းပြကစားနေသူဖြစ်ပြီး ယခုရာသီ ပြိုင်ပွဲစုံ (၂၅) ပွဲတွင် (၉) ဂိုးသွင်းယူထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
