လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ဘာစီလိုနာ ကွင်းလယ်လူ ကော်တင်ဟိုအနေဖြင့် အသင်းသို့ပြန်လာရန် မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။
အသက် (၂၆) နှစ်အရွယ်ရှိ ဘရာဇီးလ်ကွင်းလယ်လူ ကော်တင်ဟိုသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ဇန်နဝါရီလ (၆) ရက်နေ့က ဘာစီလိုနာအသင်းသို့ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၁၄၂)သန်းဖြင့် ပြောင်းရွှေ့သွားခဲ့သည်။
သို့သော် လက်ရှိထွက်ပေါ်နေသည့် သတင်းများအရ ပုံမှန်ပွဲထွက်ခွင့်နည်းပါးမှုကြောင့် ကော်တင်ဟိုသည် ဘာစီလိုနာအသင်းတွင် မပျော်မရွှင်ဖြစ်နေကြောင်း သိရသည်။
ကော်တင်ဟိုအားခေါ်ယူရန် မန်ယူအသင်းက စိတ်ဝင်စားနေသည်ဟု သတင်းများထွက်ပေါ်နေသလို၊ လီဗာပူးလ်ပရိသတ်များကလည်း အသင်းကစားသမားဟောင်း ကော်တင်ဟိုကို ပြန်လည်ခေါ်ယူရန် အလိုရှိနေကြကြောင်း သိရသည်။
ကော်တင်ဟိုကို ပြန်လည်ခေါ်ယူမည်လားဆိုသည့် သတင်းထောက်များ၏ မေးမြန်းမှုကို ကလော့ပ်က " ဒါက ကျွန်တော်ပြောချင်တဲ့ အကြောင်းအရာမဟုတ်ပါဘူး။ ဖြစ်နိုင်စရာမရှိတဲ့ အပြောင်းအရွှေ့သတင်းကို ကျွန်တော်မပြောချင်ပါဘူး။ ပြောစရာလည်း မရှိဘူးလေ။ ကျွန်တော်ကတော့ ဖြစ်နိုင်တဲ့ ပုံပြင်တွေကိုပဲ ပြောချင်တယ်။ကော်တင်ဟိုဟာ ဘာစီလိုနာအသင်းကစားသမားပါ။ အဲဒီအသင်းမှာ ကော်တင်ဟိုအဆင်ပြေနေသလို ခြေစွမ်းလည်းပြနေပါတယ်'' ဟုပြောကြားခဲ့သည်။
ထို့ပြင် ကလော့ပ်က ၄င်း၏ အနာဂတ်နှင့်ပတ်သက်ပြီး စိတ်မပူကြောင်းနှင့် အဓိက ကစားသမားများကို စာချုပ်သစ်များချုပ်ဆိုနိုင်ခဲ့သည့်အတွက် ဝမ်းသာကြောင်းလည်းဆိုခဲ့သည်။
ကလော့ပ်က ''အခုအချိန်မှာ စာချုပ်သစ်အတွက် လီဗာပူးလ်အသင်းက မကမ်းလှမ်းသေးတာကိုပဲ ကျွန်တော်က ဝမ်းသာနေတာပါ။ ဘာလို့လဲဆိုတော့ အဲဒီအကြောင်းကို ကျွန်တော်မတွေးချင်သေးဘူး။ အခုလက်ရှိစာချုပ်က ၂၀၂၂ ခုနှစ်မှ ကုန်ဆုံးမှာပါ။ ဒီတော့ အဝေးကြီးကအကြောင်းတွေကို ကျွန်တော်မပြောချင်ဘူး။ ဒီနှစ်ကုန်၊ ဒါမှမဟုတ် နောက်နှစ်ကုန်လောက်ဆိုရင်တော့ ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့'' ဟုပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
