အင်္ဂလန်နောက်ခံလူဟောင်း အက်ရှ်လေကိုးလ်သည် အသင်းဖော်ဟောင်း လမ်းပတ် ကိုင်တွယ်နည်းပြနေသည့် လိဂ်ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းသို့ ပြောင်းရွှေ့ကစားရန် သဘောတူညီမှုရရှိခဲ့ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
အသက် (၃၈) နှစ်အရွယ်ရှိ အက်ရှ်လေကိုးလ်သည် မေဂျာလိဂ်ကလပ် LA ဂလက်ဆီအသင်းနှင့် လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပြီး လာမည့်ရာသီတွင် ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရရန် ရည်မှန်းနေသည့် ဒါဘီအသင်းက ၄င်းကိုခေါ်ယူရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။
အက်ရှ်လေကိုးလ်သည် ဒါဘီအသင်းတွင် တစ်ပတ်လုပ်ခ ပေါင် (၁၅၀၀၀) သာရရှိမည်ဖြစ်ပြီး (၆)လစာချုပ်ချုပ်ဆိုသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သို့သော် အက်ရှ်လေးကိုးလ်အနေဖြင့် ဒါဘီအသင်းတွင် လစာအပြင် ဆုကြေးများပါ ရရှိမည်ဖြစ်ပြီး စာချုပ်ကိစ္စကို လာမည့် (၄၈) နာရီအတွင်း အပြီးသတ်ဖွယ်ရှိကြောင်း Daily Mail က ဖော်ပြခဲ့သည်။
အက်ရှ်လေကိုးလ်သည် ကစားသမားဘဝကို အာဆင်နယ်အသင်းတွင် စတင်ခဲ့သူဖြစ်ပြီး အာဆင်နယ်၊ ခရစ္စတယ်ပဲလေ့စ်၊ ချယ်လ်ဆီး၊ ရိုးမား၊ LA ဂလက်ဆီအသင်းများတွင် ဖြတ်သန်းခဲ့ကာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက်လည်း (၁၀၇) ပွဲအထိ ပါဝင်ကစားခဲ့သူဖြစ်သည်။
ဒါဘီအသင်းနည်းပြ လမ်းပတ်နှင့် အက်ရှ်လေးကိုးလ်တို့သည် ချယ်လ်ဆီးအသင်းနှင့် အင်္ဂလန်လက်ရွေးစင်အသင်းတို့တွင် အတူကာလရှည်တွဲဖက်ကစားခဲ့ကြသူများဖြစ်သည်။
လမ်းပတ်က အက်ရှ်လေကိုးလ်ရောက်ရှိလာမည့်သတင်းနှင့်ပတ်သက်ပြီး '' အက်ရှ်လေကိုးလ်ရဲ့အတွေ့အကြုံတွေက လူငယ်ကစားသမားတွေအတွက် အကောင်းဆုံးတွန်းအားဖြစ်ပါလိမ့်မယ်။ သူဟာ သူ့သက်တမ်းမှာတော့ အကောင်းဆုံးဘယ်နောက်ခံလူတစ်ဦးဖြစ်ပါတယ်'' ဟုပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
