လီဗာပူးလ်အသင်းနောက်ခံလူ အာနိုးလ်က အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့သည့်အတွက် အလွန်ဝမ်းသာကြောင်း ဖွင့်ဟပြောကြားခဲ့သည်။
အသက် (၂၀) နှစ်အရွယ်ရှိ အင်္ဂလန်နောက်ခံလူ အာနိုးလ်သည် လီဗာပူးလ်အသင်း၏ ငယ်မွေးခြံပေါက်ကစားသမားတစ်ဦးဖြစ်ပြီး ယခုရာသီတွင် ခြေစွမ်းပြနေသည့်အတွက် ဥရောပထိပ်တန်းအသင်းကြီးများ၏ စိတ်ဝင်စားမှုကိုပါ ခံနေရသူဖြစ်သည်။
ထို့ကြောင့် လီဗာပူးလ်အသင်းသည် ၄င်းကို ၂၀၂၄ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ အသင်းနှင့်စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့သည့် အတွက် အလွန်ဝမ်းသာကြောင်းနှင့် ယုံကြည်မှုပေးသည့် အသင်းအတွက် အစွမ်းကုန်ပေးဆပ်သွားမည်ဖြစ်ကြောင်း အာနိုးလ်ကပြောကြားခဲ့သည်။
အာနိုးလ်က '' စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့တဲ့အတွက် ကျွန်တော်အရမ်းပျော်ပြီးဂုဏ်ယူမိပါတယ်။ လီဗာပူးလ်အသင်းက ယုံယုံကြည်ကြည်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့တာဟာ ကျွန်တော့်အတွက် အခွင့်အလမ်းကောင်းတစ်ခုဆိုတာယုံကြည်ပါတယ်။ ဒါကြောင့်လည်း စာချုပ်သစ်ကမ်းလှမ်းလာချိန်မှာ တွေဝေခြင်းမရှိဘဲ ချက်ချင်းလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ အသင်းမှာရှိတဲ့ လူတိုင်းက ကူညီကြလို့ ကျွန်တော့်ရဲ့ကစားသမားဘဝဟာ ထင်ထားတာထက် ပိုပြီးချောမွေ့လွယ်ကူခဲ့ပါတယ်။ ပြီးခဲ့တဲ့ (၁၈) လအတွင်းမှာ ကျွန်တော်အများကြီး အောင်မြင်မှုတွေရရှိခဲ့သလို နောက်လာမယ့် (၁၈) လအတွင်းမှာလည်း အောင်မြင်မှုတွေ အများကြီးရမယ်လို့ မျှော်လင့်မိပါတယ်။ လီဗာပူးလ်အသင်းနဲ့အတူ အောင်မြင်မှုတွေရရှိဖို့ အစွမ်းကုန်ကြိုးစားသွားမှာပါ'' ဟုဆိုခဲ့သည်။
လီဗာပူးလ်အသင်းသည် အသင်း၏ အဓိကကစားသမားများဖြစ်သည့် ဆာလာ၊ ဖေမီနို၊ မာနေ၊ ဟန်ဒါဆန်၊ ဂျိုးဂိုးမက်ဇ်၊ ရောဘတ်ဆန်တို့ကို စာချုပ်သက်တမ်းတိုးခဲ့သလို အာနိုးလ်ကိုလည်း နှစ်ရှည်စာချုပ်သက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။
လီဗာပူးလ်အသင်းနည်းပြကလော့ပ်က အသင်း၏ အဓိကကစားသမားများကို စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့သည့်အတွက် အလွန်ဝမ်းသာကြောင်းပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းနှင့် ၂၀၁၆ ခုနှစ်တွင် ပရော်ဖက်ရှင်ကစားသမားဘဝကို စတင်ခဲ့သည့် အာနိုးလ်သည် လက်ရှိအချိန်အထိ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ (၆၇) ပွဲတွင် (၄) ဂိုးသွင်းယူထားသလို၊ အင်္ဂလန်လက်ရွေးစင်အသင်းအတွက်လည်း (၅) ပွဲပါဝင်ကစားပေးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
