နောက်ဆုံးဆေးစစ်ချက်အရ သီဟစည်သူ၏ ဒဏ်ရာမှာ ဘယ်လက်သူကြွယ်အရိုးကျိုးခြင်းမရှိဘဲ အဆစ်လွဲခြင်းသာဖြစ်
24htopnews | November 4, 2024 8:12 AM CST
ရတနာပုံအသင်းနှင့် ကစားခဲ့သော MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၂) တွင် ဒဏ်ရာရရှိခဲ့သည့် ရှမ်းအသင်းဂိုးသမား သီဟစည်သူမှာ နောက်ဆုံးအဆင့် ဆေးစစ်ချက်များအရ ဘယ်လက်သူကြွယ်အရိုးကျိုးခြင်းမရှိဘဲ အဆစ်လွဲခြင်းသာဖြစ်ကြောင်း ရှမ်းယူနိုက်တက်အသင်း၏ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။
သီဟစည်သူ၏ဒဏ်ရာမှာ ဘယ်ဘက်လက်သူကြွယ်အရိုးကျိုးခြင်းဖြစ်သည်ဟု မူလစစ်ဆေးချက်များအရသိရသော်လည်း နောက်ဆုံးစစ်ဆေးမှုအပြီးတွင် အဆစ်လွဲခြင်းသာဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။
ယခုဒဏ်ရာကြောင့် သီဟစည်သူမှာ အနည်းဆုံး (၄)ပတ် နှင့်အထက် အနားယူရမည်ဖြစ်ကြောင်းလည်း သိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
