ရှမ်းယူနိုက်တက်ဂိုးသမား သီဟစည်သူသည် ဇန်နဝါရီ (၁၉) ရက်က MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၂) အဖြစ် ယှဉ်ပြိုင်ကစားသည့် ရတနာပုံအသင်းနှင့် အဝေးကွင်းပွဲတွင် ဘယ်လက်သူကြွယ် အရိုးကျိုးဒဏ်ရာရခဲ့ကြောင်း သိရသည်။
သီဟစည်သူသည် ပထမပိုင်းပြီးခါနီးတွင် ရတနာပုံအသင်းမှ သက်နိုင်၏ ဂိုးသွင်းမှုကို ကာကွယ်ရာမှ ဘယ်ဘက်လက်သူကြွယ် အရိုးကျိုးဒဏ်ရာရခဲ့ခြင်းဖြစ်သည်။ လက်ချောင်းရိုးကျိုးခဲ့သည့် သီဟစည်သူကို ဗထူးကွင်းဘေးရှိ နန်းတော်ဆေးရုံသို့ ချက်ချင်း ပို့ဆောင်ခဲ့ပြီး ဆေးစစ်မှုများပြုလုပ်ခဲ့သည်။ ''သီဟစည်သူရဲ့ ဒဏ်ရာက ဘယ်ဘက်လက် သူကြွယ်အရိုးကျိုးသွားတာပါ။ ဆရာဝန်က စောင့်ကြည့်နေဆဲဖြစ်ပြီး ခွဲစိတ်ကုသမလားဆိုတာ မသေချာသေးပါဘူး။ ဒါကြောင့် အနားယူရမယ့် ကာလကို ပြောလို့ မရသေးပါဘူး'' ဟု ရှမ်းယူနိုက်တက်အသင်း တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။ သီဟစည်သူသည် မြန်မာ့လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံရခြင်းမရှိသော်လည်း ရှမ်းယူနိုက်တက် အသင်း၌လက်စွမ်းပြကာ ပုံမှန်ပွဲထွက်ခွင့်ရနေသူဖြစ်ပြီး ၎င်းဒဏ်ရာရနေသောကြောင့် လူငယ်ဂိုးသမား ဘုန်းသစ္စာမင်းကို ပြောင်းလဲအသုံးပြုခဲ့သည်။ သီဟစည်သူသည် ယခုလအတွင်းကစားမည့် ရှမ်းအသင်းပွဲများကို လွဲချော်ဖွယ်ရှိနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
