သြစတြေးလျအိုးပင်း ဂရင်းစလင်း တင်းနစ်ပြိုင်ပွဲ ပဥ္စမနေ့ပွဲစဉ်များကို ဇန်နဝါရီ ၁၈ ရက်က ဆက်လက်ကျင်းပရာ ၀ါရင့်ရုရှား
တင်းနစ်မယ် ရှာရာပိုဗာက လက်ရှိချန်ပီယံ ဒိန်းမတ်နိုင်ငံသူ ဝေါ်ဇ်နီယာကီကို (၂-၁) ပွဲ ဖြင့် အနိုင်ယူပြီး
စတုတ္ထအဆင့်တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ (၁၈) ရက်တွင် တတိယအဆင့် ပထမနေ့ပွဲများ ဆက်လက်ကျင်းပခဲ့ပြီး ရှာ ရာပိုဗာ (ဆီဒင် ၃၀) က ချန်ပီယံ
ဝေါ်ဇ်နီယာ ကီ (ဆီဒင် ၃) ကို ၆-၄၊ ၄-၆၊ ၆-၃ ဖြင့် အနိုင်ရ ခဲ့သည်။
၂၀၀၈ ခုနှစ် သြစတြေးလျအိုးပင်းပြိုင်ပွဲ၏ ချန်ပီယံဟောင်း ရှာရာပိုဗာ (၃၁ နှစ်) သည် ဂရင်းစလင်းချန်ပီယံဆု
ငါးကြိမ်ရရှိထားသူဖြစ်ပြီး လက်ပြန်ရိုက်ချက် (Backhand) များ ကောင်းမွန်ခဲ့သောကြောင့် ပွဲပယ်ပြစ်ဒဏ်စေ့ပြီးနောက်ပိုင်း
တစ်နှစ်ခွဲအတွင်း ထိပ်တန်းကစားသမားတစ်ဦးကို ပထမဆုံးအကြိမ် အနိုင်ရခဲ့ခြင်းဖြစ်သည်။
ရှာရာပိုဗာသည် စတုတ္ထအဆင့်တွင် အိမ်ရှင်သြစတြေးလျကစားသမား ဘာတီ (ဆီဒင် ၁၅) နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အမျိုးသမီးပြိုင်ပွဲ အခြားပွဲများတွင် အန်ဂျယ်လီခါဘာ (ဆီဒင် ၂)၊ ဆလုံးစတီဖင် (ဆီဒင် ၅)၊ ခီဗီတိုဗာ (ဆီဒင် ၈) တို့ နိုင်ပွဲရရှိပြီး
စတုတ္ထအဆင့်တက်ရောက်နိုင်ခဲ့သည်။
အမျိုးသားပြိုင်ပွဲတွင်လည်း နာမည်ကြီးကစားသမားအများစု နိုင်ပွဲရရှိခဲ့ကြပြီး လက်ရှိချန်ပီယံ ၀ါရင့်ဆွစ်ဇာလန်ကစားသမား
ရော်ဂျာဖက်ဒါရာ (ဆီဒင် ၃)၊ စပိန်ကစားသမား ရာဖေးလ်နဒါးလ် (ဆီဒင် ၂) တို့ စတုတ္ထအဆင့်သို့ အခက်အခဲမရှိ
တက်ရောက်နိုင်ခဲ့သည်။
ဖက်ဒါရာက ဆီဒင်မဲ့ အမေရိကန်ကစားသမား ဖရစ်ဇ်ကို ၆-၂၊ ၇-၅၊ ၆-၂ ဖြင့် သုံးပွဲပြတ်၊ နဒါးလ်က ဆယ်ကျော်သက်
အိမ်ရှင်သြစတြေးလျကစားသမား ဒီမီနော်အာ (ဆီဒင် ၂၇) ကို ၆-၁၊ ၆-၂၊ ၆-၄ ဖြင့် သုံးပွဲပြတ် အနိုင်ရခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
