လီဗာပူးလ်အသင်းကွင်းလယ်လူ ဝိုင်နယ်လ်ဒမ်က ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၂၂)အပြီးတွင် အမှတ်ပေးဇယားထိပ်ဆုံး၌ ရမှတ် (၅၇)မှတ်ဖြင့် ရပ်တည်နေပြီး ဒုတိယနေရာမှ မန်စီးတီးအသင်းကို (၄)မှတ်ဖြတ်ထားသည်။
အသက် (၂၈)နှစ်အရွယ်ရှိ ဝိုင်နယ်လ်ဒမ်းက ယခုအချိန်တွင် ဆယ်စုနှစ်သုံးခုနီးပါးကွာဝေးနေသည့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်မည်ဟု လီဗာပူးလ်ကစားသမားများအနေဖြင့် ယုံကြည်ထားကြရန်လိုကြောင်းလည်း ပြောကြားခဲ့သည်။
ဝိုင်နယ်လ်ဒမ်းက "ယခုအချိန်မှာ ပရီးမီးယားလိဂ်ချန်ပီယံကို ကျွန်တော်တို့ မရနိုင်ဘူးလို့ ပြောရင် ရူးမိုက်ရာကျမှာပေါ့။ မန်စီးတီးအသင်းကို သွားမေးကြည့်။ ချန်ပီယံဆုက သူတို့အတွက်လို့ ဖြေလိမ့်မယ်။ အခုအချိန်မှာ ချန်ပီယံဆုကို မရနိုင်ဘူးလို့ ပြောတာက ယုံကြည်မှုကို ထိခိုက်နိုင်ပြီး အဆိုးတွေပဲ သက်ရောက်မှာပါ။ ရာသီကုန်ဖို့က အဝေးကြီးလိုပါသေးတယ်။ ဒါပေမဲ့ ကျွန်တော့်တို့အနေနဲ့ အစွမ်းကုန်ကြိုးစားသွားမှာပါ။ ကျွန်တော်တို့အနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရရှိရေးအတွက် နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်သွားမှာပါ။ ဒီရာသီမှာ ကျွန်တော်တို့ အောင်မြင်မှုတွေရရှိမယ်လို့ ယုံကြည်ပါတယ်" ဟု ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် စနေနေ့တွင် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ခရစ္စတယ်ပဲလေ့စ်အသင်းကို အိမ်ကွင်း အန်ဖီးလ်တွင် လက်ခံကစားရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
