မန်ယူအသင်းသည် အသင်း၏လူငယ်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ကို လစာနှစ်ဆတိုးပေးကာ တစ်ပတ်လစာ ပေါင် (၁၅၀၀၀၀)ဖြင့် နှစ်ရှည်စာချုပ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။
အင်္ဂလန်လူငယ်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်သည် မန်ယူအသင်းအတွက် နောက်ဆုံးကစားခဲ့သည့် (၉)ပွဲတွင် (၆)ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၃) ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့သည်။
အသက် (၂၁)နှစ်အရွယ်ရှိ ရပ်ရှ်ဖို့ဒ်သည် လက်ရှိတွင် တစ်ပတ်လစာ ပေါင် (၇၅၀၀၀) ရရှိနေပြီး မန်ယူအသင်းက ၎င်း၏လက်ရှိလစာ နှစ်ဆဖြစ်သည့် ပေါင် (၁၅၀၀၀၀)ဖြင့် စာချုပ်သစ်အတွက် ကမ်းလှမ်းရန် စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ Mirror က ဖော်ပြခဲ့သည်။
ရပ်ရှ်ဖို့ဒ်၏ မန်ယူအသင်းနှင့် လက်ရှိစာချုပ်မှာ (၁၈)လသာ ကျန်ရှိတော့ပြီး ယင်းစာချုပ်တွင် တစ်နှစ်သက်တမ်းတိုးခွင့်ပါရှိသော်လည်း မန်ယူအသင်းက နှစ်ရှည်စာချုပ်ချုပ်ဆိုရန် ဆန္ဒရှိနေခြင်း ဖြစ်သည်။
မန်ယူအသင်းသည် ရပ်ရှ်ဖို့ဒ်ကို နှစ်ရှည်စာချုပ်ချုပ်ဆိုခြင်းဖြင့် စပိန်အသင်းကြီး ရီးယဲလ်မက်ဒရစ်အသင်း၏ စိတ်ဝင်စားနေမှုကိုပါ အဆုံးသတ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။
ရပ်ရှ်ဖို့ဒ်သည် မန်ယူအသင်းတွင် ၂၀၁၅-၁၆ ရာသီက စတင်ကာ ပွဲထွက်ခွင့်ရခဲ့ပြီး (၄)ရာသီအတွင်း ပြိုင်ပွဲစုံ (၁၄၉)ပွဲကစားကာ ဂိုး (၄၀) သွင်းယူပေးထားနိုင်ခဲ့သည်။ ၎င်းသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် မန်ယူအသင်းအတွက် (၇)ဂိုးအထိ သွင်းယူပေးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
