ရန်ကုန်တိုင်း၊ ထန်းတပင်မြို့တွင် ယနေ့ နိုဝင်ဘာ ၃ ရက်နံနက် ၈ နာရီခန့်က ရွှေဆိုင်ပိုင်ရှင်ကိုဓားဖြင့်ထောက်၍ ရွှေထည်များလုယက်ရန်ကြံစည်သူကို ရဲတပ်ဖွဲ့ဝင်များမှ လုံးထွဖမ်းဆီးနိုင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ထန်းတပင်မြို့၊ အမှတ်(၂)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမဘေးတွင်ဖွင့်လှစ်ထားသော “စန်းသော် တာ”ရွှေဆိုင်အတွင်းသို့ ပြစ်မှုကျူးလွန်သူ မောင်ပြည့်စုံထွန်း(၁၉)နှစ်ရောက်ရှိလာကာ လက်စွတ်ဝယ်မည်ဟုပြောဆို၍ အရောင်းစာရေးမဖြစ်သူအား ရွှေထည်များကိုထုတ်ပြခိုင်းခဲ့ကြောင်း သိရသည်။
ထိုသို့ ထုတ်ပြခိုင်းစဥ် မောင်ပြည့်စုံထွန်းမှ အသင့်ပါလာသည့် အရိုး၊အသွား(၈)လက်မခန့်ရှိ ဓားကိုထုတ်ကာ ရွှေဆိုင်ပိုင်ရှင်ဖြစ်သူအမျိုးသား၏ လည်ပင်းအားဓားဖြင့်ထောက်၍ ရွှေထည်ပစ္စည်းများကိုထုတ်ခိုင်းကာ လုယက်ရန်ကြံစည်စဥ် ရွှေဆိုင်လုံခြုံရေးဝန်ထမ်းက သက်ဆိုင်ရာရဲတပ်ဖွဲ့ထံ ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာကာ ပြစ် မှုကျူးလွန်သူ မောင်ပြည့်စုံထွန်းအား လုံးထွေးဖမ်းဆီးနိုင်ခဲ့ပြီး ဖမ်းဆီးမှုပြုလုပ်စဥ် ရွှေဆိုင်ပိုင် ရှင်၏ ဘယ်ဘက်လက်နှင့်ညာဘက်လက်(၂) ချောင်းတွင် ပြတ်ရှဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပြီး ဖမ်းဆီးရမိသူအား ဥပဒေအရအရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
