မြန်မာလှေလှော်အသင်းသည် ၂၀၂၅ ခုနှစ်၊ သြဂုတ် ၉ ရက်နှင့် ၁၀ ရက်တို့တွင် တရုတ်နိုင်ငံ၊ ချန်ဒူးမြို့၌ကျင်းပမည့် ကမ္ဘာ့အားကစားပြိုင်ပွဲချန်ပီယံရှစ်နဂါးလှေလှော်ပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရရှိခဲ့ခြင်းမှာ မြန်မာလှေလှော်အသင်းသည် နိုဝင်ဘာ ၂ ရက်နှင့် ၃ ရက်တို့က ဖိလစ်ပိုင်နိုင်ငံ၊ Puerto Princesa မြို့တွင်ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာကနူး လှေလှော်အဖွဲ့ချုပ်၏ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဖလား နဂါးလှေလှော်ပြိုင်ပွဲ၌ ရွှေတံဆိပ်(၁)ခုနှင့် ငွေတံဆိပ်(၁)ခုထပ်မံဆွတ်ခူးနိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။
မြန်မာလှေလှော်အသင်းသည် နိုဝင်ဘာ ၂ ရက်ကယှဥ်ပြိုင်ခဲ့သည့် အမျိုးသား+အမျိုးသမီး မီ တာ ၂၀၀(၁၀)တက်လှော်ဗိုလ်လုပွဲတွင် ဒုတိယ (ငွေတံဆိပ်)နှင့် နိုဝင်ဘာ ၃ ရက်ယှဥ်ပြိုင်ခဲ့သည့် အမျိုးသား+အမျိုးသမီး မီတာ ၅၀၀(၁၀)တက်လှော်ဗိုလ်လုပွဲတွင် ပထမ(ရွှေတံဆိပ်ဆု)တို့ထပ်မံဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
မြန်မာလှေလှော်အသင်းသည် အောက်တိုဘာ ၂၄ ရက်မှ နို၀င်ဘာ ၃ ရက်အထိ တရုတ်နိုင်ငံ၊ Yichang မြို့တွင်ကျင်းပခဲ့သည့် ကမ္ဘာ့ဖလားန ဂါးလှေလှော်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၅)ခု၊ ငွေတံ ဆိပ်(၂)ခုနှင့် ဖိလစ်ပိုင်နိုင်ငံ၊ Puerto Princesa မြို့တွင်ကျင်းပခဲ့သည့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၁)ခုတို့ရရှိခဲ့ပြီး လက်ရည်စစ်ပြိုင်ပွဲများအပြီး၌ ရွှေတံဆိပ်(၆)ခု၊ ငွေတံဆိပ်(၃)ခုဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
