သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှကြီးမှူး၍ (၇၇)ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ စာမေးပွဲအား ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသနလှိုဏ်ဂူတော်အတွင်း၌ ဒီဇင်ဘာ ၂၄ ရက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်အထိ အာဂုံပြန်စာရင်းသွင်းသံဃာ (၂၇၀)ပါး၊ သဘောရေးဖြေစာရင်းသွင်းသံဃာ (၂၃၈)ပါး (စုစုပေါင်း ၆၈၉ ပါး)ဖြင့် (၃၃)ရက်တိုင်ကျင်းပသွားမည်ဖြစ်သည်။
ထို့ပြင် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲ၏ ဖွင့်ပွဲအခမ်းအနားနှင့်စာပြန်ပွဲသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီး(၂)ပါး၊ တိပိဋကဓရ တိပိဋကကောဝိဒ သြဝါဒါစရိယဆရာတော်ကြီး(၁၁)ပါး၊ ပုစ္ဆကဆရာ တော်(၄)ပါး၊ ကြီးကြပ်ရေးဆရာတော်(၄)ပါး၊ စာထောက်စာမဆရာတော်အပါး(၁၆၀)တို့လည်း ကြွရောက်တော်မူမည်ဖြစ်သည်။
ထို့ကြောင့် လှူဒါန်းလိုသောအလှူရှင်များအနေဖြင့် သာသနာရေးဦးစီးဌာန၊ စာမေးပွဲဌာနခွဲ၊ ကမ္ဘာအေးကုန်းမြေ၊ ရန်ကုန်မြို့ ဖုန်း ၀၉-၄၃၀၆၇၁၆၈၊ ၀၉၄၄၃၁၉၀၁၉၃ တို့သို့ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
