မက်ဒရစ်၊နိုဝင်ဘာ ၃
စပိန်အရှေ့တောင်ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံခဲ့ရာ အဆိုပါရေဘေး၌ တရုတ်နိုင်ငံသားနှစ်ဦးေ-သဆုံးပြီး နှစ်ဦးပျောက်ဆုံးနေကြောင်း စပိန်နိုင်ငံဆိုင်ရာတရုတ်သံရုံးက သတင်းထုတ်ပြန်ကြေငြာခဲ့သည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စပိန်နိုင်ငံအရှေ့တောင်ပိုင်းဒေသသည် ဆယ်စုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံးရေလွှမ်းမိုးမှုနှင့်ကြုံတွေ့ခဲ့ရပြီး ယခုအချိန်အထိ ေ-သဆုံးသူ ၂၁၄ ဦးအထိရှိကာ ၎င်းတို့အနက် တရုတ်နိုင်ငံသားနှစ်ဦးေ-သဆုံးပြီး အခြားနှစ်ဦးပျောက်ဆုံးနေသည်ဟု တရုတ်သံရုံးကအတည်ပြုခဲ့သည်။
ရေကြီးရေလျှံမှုကြောင့် စပိန်ရှိတရုတ်လူမျိုးများသည့် ခက်ခဲသောကာလကိုဖြတ်ကျော်ရန် ဒေသခံပြည်သူများကို ငွေကြေးနှင့်ထောက်ပံ့ပစ္စည်းများကို တက်ကြွစွာလှူဒါန်းခဲ့ကြဟုလည်းသိရသည်။
ရေဘေးသင့်ဒေသများအနက် ဗလင်စီယာဒေသသည် အပြင်းထန်ဆုံးထိခိုက်ခဲ့သည့်ဒေသဖြစ်ပြီး ယင်းဒေသရှိတရုတ်အသိုင်းအဝိုင်းသည်လည်းဆုံးရှုံးမှုဒဏ်ကို ခံစားခဲ့ရကြောင်း သံရုံးကပြောကြားခဲ့သည်။
ရေဘေးပြန်လည်ထူထောင်ရေးနှင့်လိုအပ်သည့်ထောက်ပံ့ပစ္စည်းများ ပို့ဆောင်မှုစသည့် လုပ်ငန်းများအတွက် မူလကစစ်သည်အင်အား ၂,၅၀၀ ဖြင့်ဆောင်ရွက်နေရာမှ ယခုအခါ နောက်ထပ် ၅,၀၀၀ ကိုပါထပ်မံစေလွှတ်ထားကြောင်းလည်း စပိန်ဝန်ကြီးချုပ်ကပြောကြားခဲ့သည်။
Source : ဂလိုဘယ်လ်တိုင်းမ်စ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
