နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
ခရီးစဉ်အတွင်း နိုဝင်ဘာ (၆) ရက်မှ (၇) ရက်အထိ ကူမင်းမှာ ပြုလုပ်မည့် (၈)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ(ဂျီအမ်အက်စ်) ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန် ရှိသည်ဟုလည်း နစကထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် (၁၀)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွါးရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေးနှင့် (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား – မြန်မာ – လာအို – ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးကိုလည်း တက်ရောက်မည် ဖြစ်သည်။
ထိုနည်းတူ တရုတ်ခရီးစဉ်အတွင်း တရုတ်နိုင်ငံ အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည် ဖြစ်ကာ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများ အကြား ချစ်ကြည်ရေး၊စီးပွားရေးပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်အောင် ဆွေးနွေးဆောင်ရွက်မည်ဖြစ်ကြောင်း နစကသတင်း ထုတ်ပြန်ချက်အရ သိရသည်။
ပုံစာ – သြဂုတ်လ ၈ရက်နေ့က တရုတ်နိုင်ငံ၏ မြန်မာ့အရေးအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွန်း နစက ဥက္ကဋ္ဌ အား နေပြည်တော်သို့ လာရောက် တွေ့ဆုံစဥ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
