ဘန်ဇီမာသည် ၂၀၁၅ ခုနှစ်တွင် ပြင်သစ်အသင်းဖော် ဗယ်လ်ဘွေနာကို အပြာဗီဒီယိုအတွက် ခြိမ်းခြောက်ငွေညှစ်ခဲ့သည်ဟု သတင်းထွက်ပေါ်ပြီးနောက် ပြင်သစ်အသင်း၌ ရွေးချယ် ခြင်း မခံရတော့ပေ။
ပြင်သစ်အသင်းနည်းပြ ဒေးရွှမ့်က ရီးယဲလ်မက်ဒရစ်ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာကို အသင်းတွင် ပြန်မရွေးခြင်းမှာ ပုဂ္ဂိုလ်ရေးအကြောင်းပြချက်ကြောင့် မဟုတ်ဘဲ အသင်းကောင်းကျိုးအတွက်သာ ဖြစ်သည်ဟု ရှင်းလင်းပြောကြားခဲ့သည်။
ဘန်ဇီမာ (၃၁ နှစ်)သည် ယခုရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းအတွက် ပြိုင်ပွဲစုံ (၉)ပွဲတွင် (၆)ဂိုးသွင်းယူထားရာ ၎င်းအား ပြင်သစ်အသင်းတွင် မရွေးချယ်ခြင်းအပေါ် ဝေဖန်မှုများ ရှိနေသည်။ ဘန်ဇီမာသည် ၂၀၁၅ ခုနှစ်တွင် ပြင်သစ်အသင်းဖော် ဗယ်လ်ဘွေနာကို အပြာဗီဒီယိုအတွက် ခြိမ်းခြောက်ငွေညှစ်ခဲ့သည်ဟု သတင်းထွက်ပေါ်ပြီးနောက် ပြင်သစ်အသင်း၌ ရွေးချယ်ခြင်း မခံရတော့ပေ။
ဒေးရွှမ့်က "ဘန်ဇီမာကို ပြင်သစ်အသင်းမှာ ပြန်မရွေးတာ ပုဂ္ဂိုလ်ရေးကြောင့် မဟုတ်ပါဘူး။ သူ့ကို ပြန်ရွေးတာက အသင်းအတွက် မကောင်းဘူးလို့ ကျွန်တော် ထင်မြင်ယူဆလို့ ဖြစ်ပါတယ်။ ပြင်သစ်အတွက် ကောင်းဖို့ပဲ ကျွန်တော်တွေးပါတယ်။ တခြားအတွေးမှာ ကျွန်တော့်မှာ မရှိပါဘူး" ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
