ဝက်စ်ဟမ်းအသင်းသည် ယခင် ကွင်းဟောင်းဖြစ်သည့် Upton Park ကွင်းမှ လန်ဒန်အိုလံပစ်ကွင်းသို့ ၂၀၁၆-၁၇ ရာသီတွင် ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး (၃)ရာသီအတွင်း ပေါင်သန်းများစွာ အရှုံးငွေပြလျက်ရှိနေသည်။ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်တွင် အရှုံးငွေမှာ ပေါင်(၂၅.၅)သန်းရှိခဲ့ပြီး လာမည့်ဘဏ္ဍာရေးနှစ်တွင် အရှုံးငွေမှာ ပေါင် (၂၉.၁)သန်းရှိနိုင်သည်ဟု လန်ဒန်မြို့တော်ဖွံဖြိုးတိုးတက်ရေး ကော်ပရေးရှင်း (LLDC) က တွက် ချက်ခဲ့သည်။
ဝက်စ်ဟမ်းအသင်းသည် လန်ဒန်ကွင်းသစ်တွင် အရှုံးငွေပေါင်သန်းရာချီရှိနိုင်သော်လည်း အသင်း၏ ကွင်းအမည်အား အရက်၊ လောင်းကစား၊ ဆေးလိပ်ကုမ္ပဏီများထံ ရောင်းချသွားမည်မဟုတ်ကြောင်း အသင်းတာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။
ဝက်စ်ဟမ်းအသင်းသည် ယခင် ကွင်းဟောင်းဖြစ်သည့် Upton Park ကွင်းမှ လန်ဒန်အိုလံပစ်ကွင်းသို့ ၂၀၁၆-၁၇ ရာသီတွင် ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး (၃)ရာသီအတွင်း ပေါင်သန်းများစွာ အရှုံးငွေပြလျက်ရှိနေသည်။ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်တွင် အရှုံးငွေမှာ ပေါင်(၂၅.၅)သန်းရှိခဲ့ပြီး လာမည့်ဘဏ္ဍာရေးနှစ်တွင် အရှုံးငွေမှာ ပေါင် (၂၉.၁)သန်းရှိနိုင်သည်ဟု လန်ဒန်မြို့တော်ဖွံဖြိုးတိုးတက်ရေး ကော်ပရေးရှင်း (LLDC) က တွက် ချက်ခဲ့သည်။
၂၀၂၃ ခုနှစ်တွင် ဝက်စ်ဟမ်းအသင်း၏ အရှုံးငွေစုစုပေါင်းမှာ ပေါင်သန်း(၁၅၀)အထိရောက်ရှိလာ နိုင်သည်ဟု LLDC တာဝန်ရှိသူများက တွက်ချက်ခဲ့ပြီး၊ ဝက်စ်ဟမ်းအသင်းအနေဖြင့် ယင်းအရှုံးငွေကို ကာမိစေ ရန်အတွက်အသင်း၏ ကွင်းအမည်အား ကုမ္ပဏီတစ်ခုခုထံစပွန်ဆာအမည်အဖြစ်(မန်စီးတီးအသင်း၏ အီတီဟတ်ကွင်း၊ အာဆင်နယ်အသင်း၏ အီမရိတ်စ်ကွင်းများကဲ့သို့)ပေးအပ်ရရန်ရှိနေသည်။
သို့သော် ဝက်စ်ဟမ်း အသင်းတာဝန်ရှိသူများက အရက်၊ လောင်းကစားနှင့် ဆေးလိပ်ကုမ္ပဏီများထံ ကွင်းအမည်ကို စပွန်ဆာပေးပါက ငွေကြေးများစွာရရှိနိုင်မည် ဖြစ်သော်လည်းမိမိတို့ပြုလုပ်မည်မဟုတ်ဟု အတည်ပြုပြောကြားခဲ့ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်