တိုရီနို - အတ္တလန်တာ (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၆ ရက်၊ ည ၇:၃၀ နာရီ)
ပြီးခဲ့တဲ့ရာသီတုန်းကလိုမျိုး အတ္တလန်တာ အမြင့်ပျံနိုင် ဦးမလားဆိုတာ ပထမဆုံးမြင်တွေ့ရမယ့်ပွဲပါပဲ။ တိုက်စစ်စုဖွဲ့မှုက မနှစ်ကလိုတည်ရှိနေဆဲဖြစ်လို့လည်း သွင်းဂိုးတွေမျှော်လင့်ခွင့်ရှိနေပါဦးမယ်။ တိုရီနိုက အဖွင့်ပွဲမှာ ဖီအိုရင်တီးနားကို အရေးနိမ့်ခဲ့ပေမယ့် ကစားပုံသိပ်မညံ့ခဲ့ပါဘူး။ စုဖွဲ့မှုအရလည်း အတ္တလန်တာကို ဒုက္ခပေးနိုင်ပါတယ်။ တိုရီနို တစ်မှတ်မျှော်လင့်ခွင့်ရှိပါတယ်။
ကာဂလီယာရီ - လာဇီယို (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၆ ရက်၊ ည ၁၀:၃၀ နာရီ)
လာဇီယိုက မနှစ်ကလူစာရင်းအတိုင်းပဲ သိပ်ပြီးအပြောင်း အလဲမရှိပါဘူး။ သွင်းဂိုးတွေအတွက် အီမိုဘီလီကိုပဲ အားကိုးနေရဦးမယ်ထင်တယ်။ ကာဂလီယာရီက နိုင်ဂိုလန်မရှိတော့တဲ့ ကွင်းလယ်မှာ လူငယ်နဲ့ ကစားသမားသစ်တွေ အားပြုထားပြီး မနှစ်ကရာသီအစကလောက် မာဂုဏ်မမြင့်တော့တာ တွေ့ရ တယ်။ လာဇီယိုတိုက်စစ်ကစားဟန် ပုံမှန်မဖြစ်သေးဘူးဆိုရင် ကာဂလီယာရီ အမှတ်ရပါလိမ့်မယ်။
ဆမ်ဒိုးရီးယား - ဘင်နီဗန်တို (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၆ ရက်၊ ည ၁၀:၃၀ နာရီ)
ဆမ်ဒိုးရီးယားက ဂျူဗင်တပ်စ်ကို ဂိုးပြတ်ရှုံးခဲ့ပေမယ့် ကစားပုံက အညံ့စားမဟုတ်ပါဘူး။ ကွင်းလယ်နဲ့ တိုက်စစ်မှာ ကစားသမားကောင်းတွေရှိနေတယ်။ တန်းတက် ဘင်နီဗန်တို တစ်မှတ်ထက် ပိုမျှော်လင့်လို့မရဘူး။ ဆမ်ဒိုးရီးယား နိုင်မယ်။
အင်တာမီလန် - ဖီအိုရင်တီးနား (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၇ ရက်၊ နံနက် ၁:၁၅ နာရီ)
ခြေစမ်းပွဲတွေမှာ အင်တာမီလန် ဂိုးပြတ်နိုင်ပွဲတွေ ရရှိနေပါတယ်။ ဗီဒယ်လ်ရောက်လာတဲ့ကွင်းလယ်က ပိုမိုမာကျောလာမှာဖြစ်ပြီး ကွန်တီ လိုချင်တဲ့လျင်မြန်ပြီး လုပ်အားနှုန်းကောင်းမွန်တဲ့ကွင်းလယ်ကို မြင်ရနိုင်ပါတယ်။ ဖီအိုရင်တီးနားက အရင်လိုပဲ ဘောလုံးပိုင်ဆိုင်မှုအသားပြုကစားနေပြီး တိုက်စစ်အခင်းအကျင်းအတွက် ခီယေဆာကို အားကိုးနေရဆဲပါပဲ။ အင်တာမီလန် အနိုင်သေချာပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
