လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆန်သည် အာဆင်နယ်အသင်းနှင့်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်မည်ဖြစ်ကြောင်း အသင်းနည်းပြ ကလော့ပ်က အတည်ပြုပြောကြားခဲ့သည်။
ဟန်ဒါဆန်သည် စက်တင်ဘာ (၂၀)ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် ချယ်လ်ဆီး (၀-၂) လီဗာပူးလ်ပွဲတွင် ပေါင်ခြံဒဏ်ရာ ရရှိခဲ့ပြီး ဒုတိယပိုင်းတွင် သီယာဂိုနှင့် လူစားလဲခဲ့ရသည်။
ကလော့ပ်က "မာတစ် လေ့ကျင့်ခန်း မဆင်းနိုင်သေးသလို၊ ဟန်ဒါဆန်ကလည်း အာဆင်နယ်နဲ့ပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဒီပွဲက သူ့အတွက် စောလွန်းနေပါသေးတယ်"ဟု အာဆင်နယ်နှင့်ကစားမည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အာဆင်နယ်နှင့်ပွဲတွင် ဟန်ဒါဆန် မပါနိုင်သဖြင့် ၎င်းနေရာတွင် ကစားသမားသစ် သီယာဂို ပွဲထွက်လာဖွယ်ရှိနေကြောင်းလည်း ကလော့ပ်က အရိပ်အမြွက်ပြောကြားခဲ့သည်။
ကလော့ပ်က "ပွဲက တနင်္လာနေ့မှာ ကစားမှာဆိုတော့ ကျွန်တော်တို့အနေနဲ့ ရက်အနည်းငယ်လေ့ကျင့်ဖို့ အချိန်ရပါသေးတယ်။ တချို့ကောင်လေး(ကစားသမား)တွေက လေ့ကျင့်ခန်းပြန်ဆင်းဖို့ ရှိနေပြီး ကျွန်တော်တို့အနေနဲ့ စောင့်ကြည့်ရဦးမှာပါ။ ကျွန်တော်အနေနဲ့ စိတ်ကူးထားတာ ရှိပါတယ်။ ဒါပေမဲ့ အချိန် ရှိပါသေးတယ်။ သီယာဂိုဟာ အသင်းနဲ့အတူ ရှိနေပါတယ်။ ဘယ်လိုပွဲထွက်လာမယ်ဆိုတာကို စောင့်ကြည့်ကြတာပေါ့"ဟု ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၃)အဖြစ် စက်တင်ဘာ (၂၈)ရက်တွင် အာဆင်နယ်အသင်းကို အိမ်ကွင်း အန်ဖီးလ်၌ လက်ခံကစားရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
